Administrator ဖြင့် ဆော့ဝဲလ်များဖွင့်နည်း(5)နည်

Image may contain: one or more people and text

ကွန်ပျူတာကို Administrator Account ဖြင့် ဝင်သုံးနေသော်လည်း
ဆော့ဝဲလ် ပရိုဂရမ်တစ်ခုခုကို ဒီအတိုင်း Click နှစ်ချက် နှိပ်ဖွင့်သုံးရင်
Administrator Right နဲ့ ဖွင့်သွားမှာ မဟုတ်ပါဘူး။ တစ်ချို့ ပရိုဂရမ်
ဆော့ဝဲလ်တွေက Administrator Privilege ဖြင့် ဖွင့်စရာမလို ဒီအတိုင်း
တိုက်ရိုက် Click နှစ်ချက် နှိပ်ဖွင့်နိုင်သော်လည်း တစ်ချို့ ဆော့ဝဲလ်တွေ
ကျတော့ Administrator Right နဲ့ ဖွင့်မှသာ အသုံးပြုနိုင်ပါလိမ့်မယ်။
အဲ့ဒီလို Admin Rigth ဖွင့် Run မှသာ အသုံးပြုနိုင်မယ့် ဆော့ဝဲလ်၊
ပရိုဂရမ်၊ Apps တွေကို Administrator ဖြင့် ဖွင့်နည်း(5)နည်းဖြင့်
အသုံးပြုနိုင်ပါတယ်။
1. Right Click\Run as Administrator
Administrator ဖြင့် ဖွင့်ချင်တဲ့ Software,Program,Apps တစ်ခုကို
setup.exe (or) .msi ကို Right Click နှိပ်ပြီး Run as Admin ဖြင့်
Run, Install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ Install လုပ်ထားပြီးသား
ဆော့ဝဲလ်တစ်ခုကို Administrator ဖြင့် ဖွင့် အသုံးပြုချင် ဝင်းဒိုးရဲ့ 
Search box ကနေ သို့ မဟုတ် Start Menu ကနေ ဖွင့်သုံးချင်တဲ့
ဆော့ဝဲလ်ကိုရှာပြီး Right Click\Run as Admin နှိပ်ဖွင့်သုံးနိုင်ပါတယ်။
2. Control + Shift + Enter
Administrator ဖြင့် ဖွင့်ချင်တဲ့ Software,Program,Apps တစ်ခုကို
Run box,Start Menu,Search box,File Explorer ထဲမှာရှာပြီးတွေ့ ရင်
Click ထောက် Select မှတ်ထားပြီး Control+Shift+Enter နှိပ်လိုက်ရင်
Administrator ဖြင့် ဖွင့်သွားပါမယ်။
3. Task Manager
Ctrl+Shift+ESC Shortcut Key ဖြင့် Task Manager ကိုဖွင့်ပြီး အပေါ်
ဘယ်ဖက်ထောင့်က File\Run New Task\Open Box မှာ ကိုယ်ဖွင့်ချင်တဲ့
Software,Program နာမည်ကို နောက်ဆုံးမှာ(.exe)or(.msi)ကိုထည့်ပြီး
အောက်က Create This Task with Administrator Privileges ဆိုတာကို
အမှန်ခြစ်ထားပြီး OK နှိပ်ဖွင့်ပါ။ Task Manager ကို ကိုယ်ဖွင့်တတ်သလို
ဖွင့်နိုင်ပါတယ်။ Ctrl+Shift+ESC ကို မှတ်မိလွယ်အောင် ရေးထားပါတယ်။
4. Always Run As Administrator
Program တစ်ခုကိုဖွင့်ဖို့ Run as administrator ဆိုတာကို ခဏခဏ
မနှိပ်ချင်ရင် ဘယ်အချိန်ဖွင့်ဖွင့် Administrator ဖြင့် ဖွင့်လို့ ရသွားအောင်
လုပ်ထားလို့ ရပါတယ်။ ဖွင့်ချင်တဲ့ Software.exe(.msi) ဖိုင်ကို Right
Click\Properties\Compatibality\အောက်ဆုံးနားလေးမှာ Run this
program as an administrator ဆိုတာကိုအမှန်ခြစ် OK ထားလိုက်ပါ။
5. Command & PowerShell Prompt
ဒီနောက်ဆုံးနည်းကတော့ ဆရာကျကျအသုံးပြုချင်သူများ
သိထားသင့်ပါတယ်။ Command (or) PowerShell ကို ဖွင့်ပါ။
Command (or) PowerShell မှာ အောက်ပါ Command ကို
ရိုက်ထည့်ပါ။
runas /user:your_computer_name\administrator_name “C:\path\program.exe”
your_computer_name မှာ ကွန်ပျူတာနာမည်ကိုထည့်ပါ။
administrator_name မှာ administrator အကောင့်ကိုထည့်ပါ။
“C:\path\program.exe.” မှာ ဖွင့်သုံးချင် Program ရှိတဲ့နေရာကို
Copy ကူးထည့်ပါ။

No automatic alt text available.

Image may contain: text

No automatic alt text available.

Image may contain: phone

No automatic alt text available.


SUBSCRIBE TO OUR NEWSLETTER

Seorang Blogger pemula yang sedang belajar

0 Response to "Administrator ဖြင့် ဆော့ဝဲလ်များဖွင့်နည်း(5)နည်"

Post a Comment