USB ...Drive Not Recognized Error ဖြေရှင်းနည်း

Drive Not Recognized" ဒီလိုမျိုး Error တွေက
USB ထိုးတဲ့အပေါက်မကောင်းလျှင်သော်လည်းကောင်း
USB ကြိုး ဒါမှမဟုတ် Stick မကောင်းလျှင်သော်လည်းကောင်း
Virus ကြောင့်သော်လည်းကောင်း -USB Driver မသိလို့သော်လည်းကောင်း -System Cache မိနေလို့်သော်လည်းကောင်း အများဆုံးဖြစ်တတ်ပါတယ်.
USB Memory Stick တွေဟာ တခြား External HD တွေနဲ့ နှိုင်းယှဉ်ရင် သိုလှောင်မှု နည်းပါးပြီး ဈေးမြင့်တယ်လို့ ထင်ရပေမယ့် သုံးစွဲရ လွယ်ကူ အဆင်ပြေစေပါတယ်။ သို့ပေမယ့် pen drive, flash drive တွေနဲ့ USB ပေါက်မှာ ထိုးတဲ့ တခြား external device တွေဟာ တစ်ခါတစ်ရံမှာ detect မမိဖြစ်နေတက်ပါတယ်။ ဒီအခါ Tastbar မှာ "USB Drive Not Recognized" လို့ Error Message ပြသတက်ပါတယ်။
ဒီအခြေအနေမျိုးကြုံလာပြီဆိုရင် များသောအားဖြင့် USB Memory Stick ကို ဖြုတ်တပ်လုပ်ဖို့ပဲ စဉ်းစားမိကြပါလိမ့်မယ်။
ဒါဟာ အလုပ်မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ က USB ကို မသိခြင်း၊ ဒါမှမဟုတ် Window ချွတ်ယွင်းခြင်း ပြဿနာကို ဖြေရှင်းကြည့်ကြရအောင်.....
နည်းလမ်း ၁။
Laptop ဆိုရင် စက်ကိုပိတ်ပြီး Battery ကို 15 မီနစ်လောက် ဖြုတ်ထားပြီး ပြန်တပ်လိုက်ပါ...System Box ဆိုရင် ကွန်ပျူတာကို ပိတ်ပြီး Box ကိုဖွင့် Power Supply ကြိုးကို ဖြုတ်ထားပြီး ကွန်ပျူတာကို ခဏ ပိတ်ထားလိုက်ပါ
ပြီးရင် ကွန်ပျူတာကို ပြန်ဖွင့်ပြီး System မှာ (Printer, Network Service...) တွေ ပြီးဆုံးအောင်အထိ တပ်ပြီးမှ USB .Memory Stick ကို စက်မှာ ပြန်ထိုးသုံးပါ။
နည်းလမ်း၂။
USB, Memory Stick တွေကို ကွန်ပျူတာမှာအရင်ထိုးထားလိုက်ပါ
ပြီးရင် Run Box မှာdevmgmt.msc ကို ရိုက်ပြီး Device Manager ကိုခေါ်လိုက်ပါ။
Device Manager ပေါ်လာရင် ညာဘက်ခြမ်းက Computer ဆိုတာကို Click နှိပ်ပြီး အပေါ်ဘားတန်း Action Menu ကိုနှိပ်ပြီး အောက်က "Scan for Hardware Changes" command ကိုနှိပ်ပေးလိုက်ပါ။
နည်းလမ်းတွေကတော့ အများကြီးပါ ဒီ ၂ မျိုးနဲ့တင် အဆင်ပြေလိမ့်မယ်ထင်လို့ နောက်ထပ်နည်းတွေကို မတင်ပေးလိုက်တော့ပါဘူး...။
0 Response to "USB ...Drive Not Recognized Error ဖြေရှင်းနည်း"
Post a Comment