ကွန်ပျူတာနည်းပညာများကိုဘယ်လိုလေ့လာမလဲ?

ကွန်ပျူတာနည်းပညာများလေ့လာနည်းကို မပြောခင်
ဘာကြောင့် ဒီပညာတွေကို လေ့လာထားသင့်သလဲ
ဆိုတာကို အရင်ဆုံးပြောပြချင်ပါတယ်။ သင်အခု FB
အသုံးပြုနေတယ်လို့  ကျနော်လုံးဝကို ပြောနိုင်ပါတယ်။
FB အပြင် တစ်ခြား Social Media တွေကိုလည်း သင်
အသုံးပြုကောင်း အသုံးပြုပါလိမ့်မယ်။ သင့်အခု အသုံး
ပြုနေတဲ့ ကွန်ပျူတာ၊ဖုန်း ဒီဇိုင်းတွေ၊ FB မှာတွေ့ ရတဲ့
ကာတွန်း၊ဗီဒီယို၊ဓာတ်ပုံတွေ နောက်ဆုံး ချုံပြီးပြောရရင်
ကမ္ဘာပေါ်မှာ လူတွေ ဖန်တီးထားသမျှအရာအားလုံးဟာ
(အကုန်လုံးနီးပါး) ကွန်ပျူတာနည်းပညာတွေနဲ့ ဖန်တီး
ပြုလုပ်ထားပါတယ်။ အဲ့ဒါကြောင့် မိမိကလည်း တစ်ခြား
ပညာတွေ မတတ်ရင်တောင်မှ ကွန်ပျူတာနည်းပညာ
တစ်ခုခုကိုတော့ လေ့လာတတ်မြှောက်ထားရပါမယ်။
အသက်(20)အရွယ်သာ ရောက်လာတာ ဘာလုပ်လို့ 
လုပ်ချင်မှန်းမသိ၊ ရည်မှန်းချက်လည်းမရှိသေးဘူးဆိုရင်
ဝါသနာပါပါ၊မပါပါ ကွန်ပျူတာနည်းပညာတစ်ခုခုကိုတော့
လေ့လာထားလိုက်ပါ။ ဘယ်ကနေ စလေ့လာရမလဲ?

1. အင်္ဂလိပ်စာသင်တန်း အရင်တက်လိုက်ပါ။ အရမ်းကြီး
ကျွမ်းကျင်အဆင့် မဟုတ်ရင်တောင်မှ သူများပြောတာကို
နားလည်မယ်၊ ကိုယ်လည်း သူများနားလည်းအောင်တော့
အနည်းကျဉ်းပြောတတ်မယ်၊ အင်္ဂလိပ်စာတွေကို ဖတ်နိုင်
မယ် ဆိုရင် လုံလောက်ပါတယ်။ ဘာလို့ အင်္ဂလိပ်စာကို
လေ့လာခိုင်းသလဲ? အင်္ဂလိပ်စာက အရမ်းကို အခြေခံကျ
ပါတယ်။ အင်တာနက်ပေါ်မှာ ရေးထားတဲ့စာ အများစုက
အင်္ဂလိပ်လိုရေးသားထားပါတယ်။ ကိုယ်မသိတာတွေရှိရင်
အင်္ဂလိပ်လိုရိုက်ရှာနိုင်မယ်။ နည်းပညာတစ်ခုကို အင်္ဂလိပ်လို
ဖတ်ပြီးလေ့လာသူနဲ့ မြန်မာလိုဖတ်ပြီး လေ့လာတဲ့သူ
နှစ်ယောက်ကို ယှဉ်ကြည့်ရင် အင်္ဂလိပ်လို ဖတ်နိုင်တဲ့
သူက ပိုပြီးစကေးလ်တွေသာပါတယ်။ မြန်မာလို ဖတ်ပြီး
လေ့လာသူထက် ပိုနှံစပ်ကျွမ်းကျင်တယ်။

2. အခြေခံကွန်ပျူတာနည်းပညာတွေကို လေ့လာရမယ်။
အခြေခံလေ့လာရမယ့်အထဲမှာ Excel,Word,PowerPoint
တွေကိုသာ ပြောခြင်းမဟုတ်ပါဘူး။ အခြေခံစာရင်းထဲမှာ
a) Office Application များ
b) PageMaker
c) CoreDraw
d) Photoshotop
e) Video Editing
f) Graphic Design
g) A+ အဆင့်ထိပါဝင်ပါတယ်။
တစ်ချို့ က A+ ကို ကွန်ပျူတာပြင်မယ့်သူတွေပဲ တက်ရမယ်လို့ 
အထင်ရှိတတ်ကြပါတယ်။ မဟုတ်ပါဘူး။ ဘာပြဿနာဖြစ်ရင်
ဘာလုပ်ရမယ် ဆိုတာတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်တတ်ဖို့ 
A+ ကိုလည်း ကွန်ပျူတာအခြေခံစာရင်းမှာထည့်ပြီး လေ့လာရပါမယ်။
အပေါ်မှာ ပြောခဲ့တာတွေက ကွန်ပျူတာနဲ့ အလုပ်လုပ်စားမယ်ဆိုရင်
လုံးဝကို လေ့လာထားရမယ့် အခြေခံကျတဲ့ နည်းပညာတွေဖြစ်ပါတယ်။
အဲ့ဒါတွေကိုလည်း ကျွမ်းကျင်အဆင့်မဟုတ်ရင်တောင် နည်းနည်းတော့
လေ့လာတတ်မြှောက်ထားရပါမယ်။ ဘာဖြစ်လို့ လဲဆိုတော့ နောက်ပိုင်း
ကိုယ်လေ့လာလိုက်စားမယ့် နည်းပညာတစ်ခုမှာ အသုံးဝင်လာပါမယ်။

3. အခြေခံအဆင့်နည်းပညာတွေ တတ်မြှောက်ထားပြီဆိုရင်
ကိုယ်က ဘာတွေ လုပ်နေရတာကို ပိုပြီးအားသန်သလဲ?
ကွန်ပျူတာ System တွေကို ကလိရတာ ဝါသနာပါလား၊
System Administrator, Engineer လုပ်ချင်တာလား?
အဲ့ဒါဆိုရင် နိုင်ငံတကာအသိမှတ်ပြုစာမေးပွဲလက်မှတ်တွေ
ရှိရပါမယ်။ လက်မှတ်ရဖို့ ဘာတွေတက်ရမလဲ၊ Advanced A+,
CompTIA A+, MCSA, MCSE, Linux အစရှိတဲ့ စာမေးပွဲတွေ
ဖြေရပါမယ်။ အကုန်လုံးမဟုတ်ရင်တောင် MCSA, MCSE
လက်မှတ်နှစ်ခုကို ရအောင်ဖြေရပါမယ်။

4. Network Engineer လုပ်ချင်တယ်ဆိုရင် Advanced A+ ကို
ဆက်တက်ပြီး Network + ကို တက်ရပါမယ်။ နိုင်ငံတကာ
အသိမှတ်ပြုလက်မှတ်ရဖို့ CompTIA N +, CCNA,CCNP,
MikroTik အစရှိတဲ့ စာမေးပွဲတွေဖြေရပါမယ်။

5. စီးပွားရေးလုပ်ငန်းတွေအတွက် Design,Logo, ကြော်ငြာတွေ
ဆွဲပေးရတဲ့ Graphic Designer လုပ်ချင်တယ်ဆိုရင် CoreDraw,
Photoshop,InDesign အစရှိတာတွေကို တတ်မြှောက်ထားရမယ်။

6. ဗီဒီယိုတည်ဖြတ်တာတွေကို စိတ်ဝင်စားတယ်ဆိုရင် Adobe
After Effect, Priemier Pro နဲ့ တစ်ခြား Editing ဆော့ဖ်ဝဲတွေကို
ကျွမ်းကျင်တတ်မြှောက်ထားရမယ်။

7. Coding တွေရေးရတာ ဝါသနာပါတယ်ဆိုရင် Programming ရဲ့ 
အခြေခံကျတဲ့ Language တွေကို လေ့လာရမယ်။ Programming
မှာလည်း Website အတွက်ဆိုရင် HTML,CSS,JavaScript,PHP
အစရှိတဲ့ Langauage တွေကို လေ့လာရမယ်။ ဆော့ဝဲလ်တွေကို
ရေးဖို့ အတွက်ဆိုရင် Java,C#,C++ အစရှိတဲ့ Language တွေကို
စလေ့လာရပါမယ်။

8. ကွန်ပျူတာနည်းပညာတွေကို လေ့လာလိုက်စားမယ်ဆိုရင်
လေ့လာလို့ မကုန်နိုင်ပါဘူး။ အပေါ်မှာ ရေးခဲ့တာတွေက
အနည်းကျဉ်း အတိုချုပ်မျှသာ ဖြစ်ပါတယ်။ Security,Cloud,
Developer, VMware,IT Business,IT Consultant အစရှိတဲ့
အဆင့်မြင့်နည်းပညာတွေ အများကြီးကျန်ပါသေးတယ်။ အဆင့်
မြင့်နည်းပညာတွေကို လေ့လာဖို့ အပေါ်မှာပြောခဲ့တဲ့ နည်းပညာ
တစ်ခုခုကို အရမ်းကျွမ်းကျင်တတ်မြှောက်ထားဖို့ လိုအပ်ပါတယ်။

0 Response to "ကွန်ပျူတာနည်းပညာများကိုဘယ်လိုလေ့လာမလဲ?"
Post a Comment