ဘက်ထရီ Alarm ပေးထားနည်းများ

 No automatic alt text available.

ဘက်ထရီ Alarm ပေးထားနည်းများ ဘက်ထရီကျန်းမာရေးစစ်ဆေးနည်း ရေးတင်ပြီးတော့ ဘက်ထရီ 100 % ပြည့်ရင်၊ သို့ မဟုတ် အားနည်းနေရင် Alarm ပေးထားနည်းကို ရေးဖို့အကြောင်းဖန်လာပြန်ပါတယ်။ ဘက်ထရီအကြောင်း အရင်ကတည်းကရေးတင်ထားပြီးသား ရှိပါတယ်။ ဒါပေမယ့် Post က Update ဖြစ်စေချင်တာရယ်၊ မသိသေးတဲ့သူတွေအတွက် အသုံးဝင်စေချင်တာရယ်ကြောင့် ဒုတိယအကြိမ် Edit လုပ်ပြီး ဘက်ထရီ Alarm ပေးထားနည်း နှစ်နည်းကို ပြန်ရေးတင်လိုက်ပါတယ်။  ပထမတစ်နည်းက Control Panel\All Control Panel Items\ Power Options\Change Plan Settings\Edit Plan Settings\ Change Advanced Power Settings အောက်ကိုဝင်သွားပါ။ Balanced[Active] အောက်ဆုံးမှာ Battery မှာအပေါင်း(+)ကို ဖြန့်ချလိုက်ပါ။ ပထမတစ်ခု Critical Battery Notification ကို ထပ်ဖြန့်ချလိုက်ပြီး နှစ်ခုစလုံး ON လုပ်ထားပါ။ ဒုတိယတစ်ခု Critical Battery Action မှာ နှစ်ခုစလုံးကို ကြိုက်တာတစ်ခု လုပ်ထားပါ။တတိယတစ်ခု Low Battery Level မှာ ဘယ် နှစ်ရာခိုင်နှုန်းရောက်ရင် ဘက်ထရီအားနည်းနေပြီလို့ သတ် မှတ်ထားမလဲ ရွေးပေးပါ။ Critical Battery Level မှာတော့ Low Battery Level တုန်းက သတ်မှတ်ခဲ့တဲ့ရာခိုင်နှုန်းထက် ဘယ်နှစ်ရာခိုင်နှုန်းကျော်လွန်သွားရင် အရေးကြီးအချက်ပေး စေချင်သလဲ သတ်မှတ်ပေးပါ။ တစ်ခုရှိတာက Low Battery Level မှာ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းထက်မကျော်စေရဘူး။ Low Battery Level မှာ 10% ကို သတ်မှတ်ထားခဲ့ရင် Critical Battery Level မှာ 10% ထက်နည်းသော 9,8, 7% စသည်ဖြင့် သတ်မှတ်ပေးရမယ်။ နောက်တစ်ခုက Low Battery Notification မှာ နှစ်ခုစလုံး ON လုပ်ထားပါ။ Low Battery Action မှာ ဘက်ထရီအားနည်းသွားရင် စက်ကို ဘာလုပ်စေချင်သလဲ ရွေးပေးပါ။ များသောအားဖြင့် နှစ်ခုစလုံးကို Do Nothing ရွေးပေးပြီး အားပြန်သွင်းလိုက်ပါ။ နောက်ဆုံးတစ်ခုက ကိုယ်သတ်မှတ်ထားတဲ့ အားအနည်းဆုံး ရောက်သွားရင်၊ အားကုန်သွားရင် စက်မှာ လုံးဝ အားကုန် သွားတာမဟုတ်ပဲ ဘယ်လောက်ထိ ကျန်စေချင်သလဲရွေးပေးပါ။ အကုန်ပြီးသွားရင် Apply,Ok နှိပ်ပေးလိုက်ပါ။ ကိုယ်သတ်မှတ် ထားတဲ့ ရာခိုင်နှုန်းရောက်ရင် ဘက်ထရီ အားနည်းနေပြီလို့  အချက်ပေးလာပါလိမ့်မယ်။  အားပြည့်သွားတဲ့အချိန် အချက်ပြစေချင်ရင် အောက်မှာ ပေးထားတဲ့ Code တွေကို Copy ကူး၊ Notepad ဖွင့်၊ Paste ချ၊ အပေါ်ဘယ်ဘက်ထောင့်က File ကိုနှိပ်၊ File Name ကို Battery.vbs လို့ နာမည်သေချာပေး၊ Save as type မှာ All Files ကိုရွေးပြီး သိမ်းထားချင်တဲ့ နေရာ Desktop ပေါ်မှာ သိမ်းထားပါ။အဲ့ဒီ VBS File ကို Double Click နှိပ်ပေးထားပြီး အားသွင်းထားပါ။ 95% ရောက်သွားရင် အချက်ပေးလာမယ်။ 100% အထိ အောက်က Code အောက်ဆုံးက 95 မှာ ကိုယ် ကြိုက်သလို ပြန်ပြင်ပေးပြီး VBS File ကို Save လုပ်ပါ။  set oLocator = CreateObject("WbemScripting.SWbemLocator") set oServices = oLocator.ConnectServer(".","root\wmi") set oResults = oServices.ExecQuery("select * from batteryfullchargedcapacity") for each oResult in oResults iFull = oResult.FullChargedCapacity next  while (1) set oResults = oServices.ExecQuery("select * from batterystatus") for each oResult in oResults iRemaining = oResult.RemainingCapacity bCharging = oResult.Charging next iPercent = ((iRemaining / iFull) * 100) mod 100 if bCharging and (iPercent > 95) Then msgbox "Battery is at " & iPercent & "%",vbInformation, "Battery monitor" wscript.sleep 30000 ' 5 minutes wend  ပထမနည်းကရှုပ်လို့ မလုပ်တတ်ရင် Software တွေ ဒေါင်းလုဒ်ဆွဲပြီး Battery Alarm သတ်မှတ်ပေးပါ။ အောက်မှာပေးထားတဲ့ Links မှာ ဒေါင်းလုဒ်ဆွဲပါ။ မိမိစက်မှာ Microsoftw Store ရှိရင် Store ထဲဝင်ပြီး Full Battery Alarm လို့ ရိုက်ရှာပြီး ဒေါင်းလုဒ်ဆွဲပါ။ Store ထဲမှာ အလကားရတဲ့ Full Battery&Theft Alarm, Universal Battery Tile, Battery Usage,Save Battery စသည့် Apps တွေကို ဒေါင်းလုဒ်ဆွဲပါ။ Software အသုံးပြုနည်းတွေကတော့ မခက်ပါဘူး။ ကိုယ်တိုင်သုံးကြည့်ပါ။  1. https://codeplexarchive.blob.core.windows.net/…/BatteryAlar…  2. https://full-battery-alarm.soft112.com/modal-download.html  3. https://full-battery-amp-theft-alarm.soft112.com/download.h…

No automatic alt text available.

Image may contain: text

Image may contain: text

No automatic alt text available.

No automatic alt text available.No automatic alt text available.

No automatic alt text available.












SUBSCRIBE TO OUR NEWSLETTER

Seorang Blogger pemula yang sedang belajar

0 Response to "ဘက်ထရီ Alarm ပေးထားနည်းများ"

Post a Comment