USB Stick နဲ့ ကွန်ပျူတာ Lock အပိတ်အဖွင့်လုပ်နည်း

 Image may contain: phone

 နိုင်ငံခြားရုပ်ရှင်တွေထဲကလို စုံထောက်လိုလို၊ ဆရာကြီးစတိုင်လ်နဲ့ 
ကွန်ပျူတာကို USB Stick နဲ့ Lock အဖြစ် အပိတ်အဖွင့်လုပ်ထားချင်သူတွေအတွက်
အသုံးပြုနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီပို့ စ်ကတော့ မနေ့ (29.1.18)က
တင်ခဲ့တဲ့ ပို့ စ်ရဲ့ နံပါတ်တစ်ဖြစ်ပါတယ်။ ကျန်တဲ့ပို့ စ်တွေကိုလည်း အားတဲ့အချိန်မှာ
ပြန်ရေးတင်ပေးမှာ ဖြစ်ပါတယ်။ ကွန်ပျူတာဝန်ထမ်းဖြစ်တာကြောင့် သိပ်မအားလို့ 
မေးထားသမျှတွေကို အကုန်လိုက်ဖြေပေးနေမည် မဟုတ်ပါ။ ဖုန်းအကြောင်း၊ဂိမ်းနဲ့ 
Hardware ပိုင်းဆိုင်ရာများလည်း မလေ့လာသောကြောင့် ဖြေပေးနိုင်မည်မဟုတ်ပါ။ Outdated ဖြစ်နေတဲ့Windows XP, Vista အကြောင်းများလည်းမသိပါ။
ကွန်ပျူတာကို USB Stick နဲ့ Lock အဖြစ် အပိတ်အဖွင့်လုပ်ဖို့ အတွက် အရင်ဦးဆုံး
PREDATOR ဆိုတဲ့ ဆော့ဝဲလ်ကို မိမိစက်မှာ Install လုပ်ထားရမယ်။ ဒီဆော့ဝဲလ်ကို
https://www.predator-usb.com/predator/en/index.php… မှာ
မိမိစက်နဲ့ ကိုက်မယ့် Version 32bit or 64bit, OS Home,Pro စသည့်ဖြင့် ရွေးပြီး
ဒေါင်းလုဒ်ဆွဲပါ။ ပြီးသွားရင် Zip File လုပ်ထားတာကြောင့် အဲ့တာကို Right click နှိပ်ပြီး
Extract Here ကိုနှိပ်ပါ။ ပြီးသွားရင် PredatorPackage.msi ဆိုတာကို Install လုပ်ပါ။
Next ဆက်နှိပ်သွားပြီး Reset Old Settings နေရာရောက်ရင် အမှန်ခြစ်ပေးပြီး
ပြီးတဲ့အထိ Next ပဲ ဆက်သွားပါ။ Installation ပြီးသွားရင် Desktop ပေါ်မှာ
Predator Shortcut icon ကို နှိပ်ဖွင့်လိုက်ပါ။ ဒေါင်းလုဒ်ဆွဲတဲ့အချိန်မှာ Files တွေ
အစုံမပါခဲ့ရင် shortcut icon သို့ မဟုတ် Install လုပ်ပြီးပြီးချင်း သူ့ အလိုလို
Lunch ဖွင့်လာမည်မဟုတ်ပါ။ အဲ့လိုဖြစ်နေရင် Start Menu\All Programs ထဲမှာ
အနီရောင်ပုံနဲ့ Predator ဆိုတာကို ရှာဖွင့်လိုက်ပါ။ အနီရောင်မျက်လုံးပုံနဲ့ box တစ်ခု
ကျလာပါမယ်။ ကွန်ပျူတာထဲကို USB Stick ထိုးထားလိုက်ပါ။ အဲ့ဒီမှာ မိမိ USB Stick
ပျောက်သွားခဲ့ရင် Password နဲ့ ပြန်ဝင်နိုင်ဖို့ ကြိုက်တဲ့ Password ရှစ်လုံးပေးလိုက်ပါ။
အောက်မှာ မိမိ USB Stick ကို ရွေးပေးပြီး OK နှိပ်လိုက်ပါ။ Taskbar Icon လေးကို
နှိပ်ကြည့်လိုက်ပါ။ အစိမ်းရောင်ပုံနဲ့ Predator ဆော့ဝဲလ် စအလုပ်လုပ်နေတာကို
စက္ကန့် သုံးဆယ်စောင့်ပြီးရင် Lock အပိတ်အဖွင့်လုပ်တာ အသက်ဝင်သွားပါပြီ။
Lock အပိတ်အဖွင့်မလုပ်ခင် မိမိစိတ်ကြိုက် Settings ပြန်ပြင်ထားနိုင်တယ်။
Taskbar Icon ပေါ်မှာ အစိမ်းရောင်ပုံနဲ့ Run နေတဲ့ Predator ကို Right Click နှိပ်၊
အပေါ်ဆုံးက Preference ကို နှိပ်ဝင်လိုက်ပါ။ Password ပြောင်းတာ၊ Lock ကျသွားရင်
ကွန်ပျူတာ Screen က ဘယ်လောက်ထိအမဲရောင်ဖြစ်စေချင်သလဲရွေးပေးတာ၊
အချက်ပေးတဲ့အသံကို စိတ်ကြိုက်ရွေးပေးတာ စသည်ဖြင့် ကြိုက်သလို ရွေးပေးနိုင်တယ်။
အသေးစိပ်တော့ မရေးတော့ပါဘူး။ ကိုယ်တိုင်စမ်းလုပ်ကြည့်နိုင်ပါတယ်။
USB Stick ကို Eject လုပ်ကြည့်လိုက်ပါ။ Settings မှာ မိမိသတ်မှတ်ပေးခဲ့အချိန်အတိုင်း
ဘယ်နှစ်စက္ကန့် ကြာရင် ကွန်ပျူတာအမဲရောင်ဖြစ်သွားပြီး Lock ကျသွားပါမယ်။
ပြန်ဖွင့်ချင်ရင် Stick ကို ပြန်ထည့်လိုက်ပါ။ ဒီမှာလည်း မိမိသတ်မှတ်ပေးခဲ့တဲ့
အချိန်အတွင်း Password တောင်းလာပါမယ်။ မမှန်တဲ့ Password ကို
လျှောက်ရိုက်ထည့်ကြည့်လိုက်ပါ။ မိမိပေးထားခဲ့တဲ့ အချက်ပေးတဲ့အသံမြည်လာပြီး
Access Denied လို့ ပေါ်လာပါမယ်။ Password ရိုက်မထည့်ပဲ မိမိသတ်မှတ်ပေးခဲ့တဲ့
အချိန်ထိစောင့်လိုက်ပါ။ ကွန်ပျူတာ Screen ပြန်ဖွင့်သွားပါမယ်။
Predator မလုပ်ချင်တော့လို့ ပြန်ဖြုတ်ချင်ရင် Taskbar Icon ထဲက Predator ကို Right click နှိပ်၊ Exit ကို နှိပ်လိုက်ပြီး Uninstall ပြန်လုပ်ပါ။

SUBSCRIBE TO OUR NEWSLETTER

Seorang Blogger pemula yang sedang belajar

0 Response to "USB Stick နဲ့ ကွန်ပျူတာ Lock အပိတ်အဖွင့်လုပ်နည်း"

Post a Comment