ကွန်ပျူတာ User Account,Password အသစ်ပြုလုပ်နည်း၊ပြန်ဖျက်နည်း

 Image may contain: one or more people

1. Command Prompt ဖြင့် User Account,Password,Delete ပြုလုပ်နည်း
Windows Key + R ကို တွဲနှိပ်ပါ။ Run box မှာ cmd လို့ရိုက်ထည့်ပြီး cmd ကို
Admin နဲ့ဖွင့်ဖို့ Ctrl+Shift+Enter ကို တွဲနှိပ်ပါ။ ဒါမှမဟုတ် Search bar မှာ
cmd ကို ရိုက်ရှာပြီး Right Click နှိပ်၊ Run as admin ကို နှိပ်ပါ။ Command
Prompt မှာ အောက်ပါ command များကို တစ်ကြောင်းပြီး တစ်ကြောင်း
ရိုက်ထည့်ပေးပါ။ အရင်ဦးဆုံး ကွန်ပျူတာမှာ User Account ဘယ်နှစ်ခုရှိသလဲ
ကြည့်ဖို့ Command Prompt မှာ net users ကို ရိုက်ထည့်ကြည့်လိုက်ပါ။
net user NetComplus 12345678 /add
net localgroup administrators NetComplus /add
net user NetComplus 12345678^987456123
net user NetComplus /delete
ပထမတစ်ကြောင်း NetComplus ဆိုတဲ့ အကောင့်နာမည်နဲ့ Password ကို
12345678 ပေးပြီး အကောင့်သစ်ဆောက်လိုက်တာဖြစ်ပါတယ်။ ဒုတိယ
တစ်ကြောင်းက NetComplus အကောင့်အသစ်ကို Admin Right ပေးတာပါ။
တတိယတစ်ကြောင်းက Password 1-8 ကို 987456123 လို့ ^ ခံပြီး ပြောင်း
လိုက်တာပါ။ အသစ်ဆောက်ပြီးရင် User Account ထဲမှာ ဝင်ကြည့်၊ Logout
လုပ်ပြီး အသစ်နဲ့ ဝင်စမ်းကြည့်နိုင်ပါတယ်။ နောက်ဆုံးတစ်ကြောင်းက အကောင့်
ဖျက်လိုက်တာဖြစ်ပါတယ်။
2. Local User Group မှ User Account,Password,Delete ပြုလုပ်နည်း
Local User and Group ထဲကို ဝင်လို့ရတဲ့နည်းများစွာရှိပါတယ်။ အောက်က
Command Key (4)ခု နဲ့ Run box မှာ ရိုက်ထည့်ဝင်နိုင်သလို Explorer ထဲက
This PC ဆိုတာကို Right Click\Manage\Local User and Group\Users
အတိုင်း ဝင်သွားရင်လည်း ရပါတယ်။
netplwiz
lusrmgr.msc
compmgmt.msc
control userpasswords2
Windows Key + R ကို တွဲနှိပ်ပြီး Run box မှာ အပေါ်က Command Key
တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။ ပထမဆုံးတစ်ခု netplwiz နဲ့ပဲ စမ်းပြပါမယ်။
User Account ဆိုတဲ့ Box တစ်ခုရဲ့ Users အောက်မှာ Login စဝင်တဲ့အချိန်
Password ထည့်စရာမလိုပဲ ဝင်ချင်ရင် Users must enter....ဆိုတဲ့နေရာမှာ
အမှန်ခြစ်ဖြုတ်လိုက်ပါ။ အောက်မှာ User Account လုပ်ချင်ရင် Add ကို နှိပ်ပါ။
Microsoft Account သုံးမယ်ဆိုရင် Create လုပ်ပြီးသားကို Account ကို ထည့်ပါ။
Local Account နဲ့သုံးမယ်ဆိုရင် အောက်ဆုံးမှာ Sign in without microsoft.. မှာ
ထည့်ပေးပါ။ အကောင့်တစ်ခုကို ဖြုတ်ချင်ရင် Remove ကို နှိပ်ပါ။ Password
ပြောင်းချင်ရင် အောက်ဆုံးက Reset Password ကို နှိပ်ပြောင်းပါ။ Advanced
Tab ထဲက Manage Password ထဲမှာ Website တွေထဲမှာ ဝင်ထားတဲ့
Password တွေကို ပြင်ဆင်ကြည့်ရှုနိုင်ပါတယ်။ Advanced Tab အောက်ကပဲ
Secure sign in မှာ Ctrl+alt+del key ကို ဖြုတ်ထားနိုင်ပါတယ်။
Advanced User Management အောက်က Advanced ကို နှိပ်ဝင်လိုက်ရင်
Local user and group ထဲကို ဝင်သွားပါမယ်။ Users ကို နှိပ်ဝင်လိုက်ရင် စက်ထဲမှာ
ရှိသမျှ User Account တွေတွေ့ရပါမယ်။ အကောင့်တစ်ခုကို Password,နာမည်
ပြောင်းချင်တယ် သို့မဟုတ် ဖျက်ချင်တယ်ဆိုရင် အဲ့ဒီအကောင့်ကို Select မှတ်၊
Right Click နှိပ်ပြီး လုပ်နိုင်ပါတယ်။ အကောင့်အသစ်ဆောက်ချင်ရင် နေရာလွတ်မှာ
Right Click\New User ကိုနှိပ်၊ အကောင့်နာမည်၊ Password ထည့်၊ အောက်မှာ
User Must Change...မှာ အမှန်ခြစ်ဖြုတ်၊ Password Never Expires ကို
အမှန်ခြုတ်ပေးပြီး Create လုပ်လိုက်ပါ။ အသစ်ဆောက်ထားတဲ့ အကောင့်ကို
Admin Right ပေးချင်ရင် အဲ့ဒီအကောင့်ကို Right Click\Properties\Member Of မှာ
Administrators ကိုရွေး Add လုပ်၊ Apply-OK နှိပ်ပါ။ စက်ကို Logout လုပ်ပြီး
အကောင့် အသစ်နဲ့ပြန်ဝင်ကြည့်လိုက်ပါ။

Image may contain: text


No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

 Image may contain: phone and text


Image may contain: text

























No automatic alt text available.





 No automatic alt text available.

No automatic alt text available.

SUBSCRIBE TO OUR NEWSLETTER

Seorang Blogger pemula yang sedang belajar

0 Response to "ကွန်ပျူတာ User Account,Password အသစ်ပြုလုပ်နည်း၊ပြန်ဖျက်နည်း"

Post a Comment