USB Stick ထဲမှာ PortableApp ထည့်သုံးနည်း

 Image may contain: phone

PortableApp ဆိုတာက သယ်ဆောင်ရလွယ်ကူပြီး
မိမိသုံးချင်သည့်ဆော့ဝဲလ်များကို တစ်ခြားကွန်ပျူတာတွေမှာ
Install လုပ်စရာမလိုပဲ Stick ထိုးထည့်ပြီး တိုက်ရိုက်သုံးနိုင်တဲ့
ဆော့ဝဲလ်များကို ခေါ်တယ်လို့ အလွယ်နည်းမှတ်ထားပါ။
Portable Software များကို အသုံးပြုခြင်းဖြင့် Memory အသုံးပြုမှု၊
Harddisk အသုံးပြုမှုတွေကို သက်သာစေပြီး Portable
အနေနဲ့ ပြုလုပ်ထားတဲ့ Software တွေကို သွားလေရာမှာ
အလွယ်တကူ ယူဆောင်သွားနိုင်ပါတယ်။ တစ်ခြားကွန်ပျူတာတွေမှာ
install လုပ်စရာမလိုပဲနဲ့ Double click နှိပ်လိုက်ယုံနဲ့တင် သုံးလို့ရပါတယ်။
နောက်တစ်ချက်ကတော့ ခဏတစ်ဖြုတ်သုံးမယ့်
အမြဲတမ်းမလိုအပ်တဲ့ ဆော့ဝဲတွေကို Install လုပ်လိုက်ခြင်းဖြင့် မလိုအပ်တဲ့
application တွေကို Registry ထဲဝင်ရေးခြင်းမှကင်းရှင်းစေပါတယ်။
ဒါကြောင့် ကွန်ပျူတာတွေထဲကို Software install လုပ်စရာ မလိုတဲ့အတွက်
Registry ကို သန့်ရှင်းစေပါတယ် နောက်ပြီးတော့ Portable Software အနေဖြင့်
အသုံးပြုခြင်းအားဖြင့် တခြားမလိုလားအပ်တဲ့ Fake Software တွေရန်မှ
ကာကွယ်နိုင်ပါတယ်။ နောက်ပြီး Portable ဖြစ်တဲ့အတွက်
Admin access လည်း မလိုအပ်ပါဘူး။ PortableApp ကိုသုံးဖို့ 
အရင်ဆုံး PortableApp ကို https://portableapps.com/download မှာ
မိမိစက် Version နဲ့ ကိုက်တာ တစ်ခုကို ဒေါင်းလုဒ်ဆွဲပါ။ ပြီးရင် Install လုပ်ပါ။
Install လုပ်တဲ့အချိန်မှာ USB Stick ကိုရွေးပေးပါ။ USB Stick မှာ
မည်သည့် data မှ မရှိရင် ပိုကောင်းပါတယ်။ Install လုပ်ပြီးသွားရင်
Desktop ပေါ်မှာ PortableApp Shortcut ကို နှိပ်ဖွင့်ပါ။
မရှိရင် All Programs ထဲမှာ ရှာဖွင့်ပါ။ ပုံမှန်အားဖြင့်
Install ပြီးတဲ့အချိန် သူ့ အလိုလို ဖွင့်လာပါမယ်။ PortableApp မှာ
မည်သည့်ဆော့ဝဲလ်မှ မရှိသေးတာကြောင့် ညာဘက်ဘေးက
Apps ဆိုတာကို နှိပ်ပြီး Check For Update ကိုနှိပ်ပါ။
နောက် box တစ်ခုပေါ်လာရင် မိမိသုံးချင်တဲ့ ဆော့ဝဲလ်တွေကို
ဥပမာ Chrome browser ကို ဒေါင်းလုဒ်ဆွဲပါ။ ပြီးရင် သုံးနိုင်ပါပြီ။
မိမိကွန်ပျူတာကို သယ်မသွားလို့ တစ်ခြားကွန်ပျူတာမှာ
Chrome browser မရှိ Portable လုပ်ထားတဲ့ Stick ကို
ထည့်ပြီး သုံးနိုင်ပါပြီ။ USB Stick နဲ့ လုပ်နိုင်တာတွေ
Operation System တစ်ခုလုပ်ပြီးသုံးတာ၊ Server လုပ်ပြီး
သုံးနိုင်တာ စသည့် ရေးဖို့ ကျန်သည်များကို မနက်ဖြန်အကုန်ရေးတင်ပေးပါမယ်။ 


No automatic alt text available. 

No automatic alt text available. 

No automatic alt text available. 

Image may contain: phone 

 

SUBSCRIBE TO OUR NEWSLETTER

Seorang Blogger pemula yang sedang belajar

0 Response to "USB Stick ထဲမှာ PortableApp ထည့်သုံးနည်း"

Post a Comment