သင်ရဲ့ iPhone ကဒါတွေကို လုပ်ဆောင်နိုင်ပါဆိုတာ သိပါသလား

(မသိတာ တစ်ခုနှစ်ခုသိသွားရင်တောင် အမြတ်ပါပဲ


1.Reduce motion
iPhone တွေမှာ motionလေးတွေနဲ့
အ၀င်အထွက်လေးတွေမှာအလုပ်လုပ်ပါတယ်
ဒါကို slow motionနဲ့ videoရိုက်ကြည့်ရင်သိသာပါတယ်
Reduce Motion ကို on ထားလိုက်ရင်တော့
motionလေးတွေပျောက်သွားပြီးတော့
ဖုန်းက ပိုမြန်လာသလိုထင်ရပါတယ်ဒါကိုတော့
Setting>General>Accessibility>Reduce Motionမှာ
on/offလုပ်နိုင်ပါတယ်
2 Reduce Transparency
ပုံမှန်ဆိုရင် iPhoneတွေမှာ background
အရောင်လာထင်ဟပ်လေ့ရှိပါတယ်
ဥပမာဆိုရင် Accesstive Touchဆိုအရောင်ကဖျော့ဖျော့လေးပါ
Grayရောင်လေးပေါ့ Reduce Transparency ကို
ဖွင်ထားလိုက်မယ်ဆိုရင်တော့
Accesstivetouchလေးက လုံးဝမဲသွားမှာပါ
Folderလေးကိုဖွင့်လိုက်ရင်လင်းနေပြီး
ဘေးနားကမဲသွားမှာပါ အသုံးပြုလိုတယ်ဆိုရင်တော့
Setting>General>Accessibility>Increase Contrast>Reduce Transparencyမှာ
On/offလုပ်နိုင်ပါတယ်
3.Messages
Messagesကိုတစ်ဆောင်ကိုမြန်မာစာ
အလုံး70သတ်မှတ်ထားပါတယ်
အလုံး70ထက်ကျော်သွားရင် နှစ်ဆောင်ပါ
- ကျွန်တော်တို့ iphoneတွေမှာတော့ messageကို
ဘယ်နှစ်လုံးရှိလဲမဖော်ပြပေးပါဘူး
အဲ့တာကိုဖော်ပြစေချင်ရင်တော့
setting>messages>Character Count>onပေးနိုင်ပါတယ်
အဲတာဆိုရင်တော့ ကိုယ်ရေးတာ ဘယ်နှစ်လုံးရှိလဲတွက်ပေးမှာပါ
4.Stocks
ကျွန်တော်ကတော့ currency exchange ကိုတော့
သုံးဖြစ်ပါတယ်ပထမဆုံးးstocks appထဲကိုဝင်လိုက်မယ်ဆိုရင်တော့
Appleတို့yahooတို့အစရှိသဖြင့်တွေ့ရမှာပါ
အဲတာတွေအောက်ညာထောင့်မှာရှိတဲ့
အကြောင်းလေးသုံးကြောင်းနှိပ်ပြီး
မလိုတာတွေremoveလုပ်လိုက်ပါပီးရင်တော့ကိုယ်ADDချင်တာကို ရိုက်ရှာပါ
ဥပမာ MMK=X,CNYMMK=Xကျန်တာတွေလဲရှိပါတယ်
အသုံးများတဲ့နိုင်ငံတွေတော့
* USD -- US Dollar
EUR -- Euro
JPY -- Japanese Yen
SGD--Singapore Dollar
CNY--Chinese Yuan
INR--Indian Rupee
USD to MMk China to MMKအဲ့နှစ်ခုတော့ MMK နဲ့တွေ့ပါတယ်
5.Music
Music နားထောင်တဲ့ အခါ Equalizer ချိန်ပြီးနားထောင်တဲ့အခါမှာOriginal နားကျပ်နဲ့ဖြစ်ဖြစ် အခြားသူ့ထက်ပိုကောင်းတာပဲဖြစ်ဖြစ်Bass booster နဲ့နားထောင်လိုက်ရင် ပိုပြီးတော့ နားထောင်ကောင်းသလိုပါပဲ(ကျွန်တော့်အကြိုက်ပေါ့နော်)ဒါပဲ အဲတာက နားကျပ်မပါပဲနားထောင်တဲ့အခါမသိသာပဲပိုအသံကိုတိုးစေပါတယ် ကိုယ်နားကျပ်နဲ့သုံးတာများလားအပြင်မှာနားထောင်တာများလားဆိုတာကြည့်ပြီးနားထောင်ချင်ရင်တော့ Setting>Music>EQထဲမှာကိုယ်ကြိုက်တာရွေးနားထောင်လို့ရပါတယ်
6.Note & Photo Vault
Note ထဲမှာ lockကိုတော့ ios 9.3အထက်မှာ
သုံးလို့ရပါတယ်အဲ့ထဲမှာ ပုံတွေလဲ ထည့်ပီး
vault လိုမျိုးသုံးလို့ရပါသေးတယ်ပုံထည့်ပြီး lockခတ်ထားရင်တော့
lockမသိပဲဖျက်လို့လဲမရပါဘူးIcloudချိတ်ထားရင်တော့
icloudသုံးလို့ရတဲ့devicesတိုင်းမှာ note ကိုပြန်ကြည့်
ပုံတွေပြန်ယူလို့ရပါတယ်အချို့vaultတွေဆို appဖျက်လိုက်တာနဲ့
အထဲက dataတွေပါ ပျက်တတ်လို့ပါ ခုနောက်ပိုင်းတော့
vaultတွေမှာလဲ cloud storage သုံးလာကြပါပြီ
အသုံးပြုချင်ရင်တော့ အရင်ပုံကို selectမှတ်လိုက်ပါပြီးရင်တော့
ဘယ်ထောင့်က မျှားလေးကိုနှိပ်ပြီး Add To Note ဆိုရင်Note ထဲရောက်သွားမှာပါပြီးတာနဲ့ Note ကို Lockခတ်လိုက်တာနဲ့ ရပါပြီ
7.Magnifier
Setting>Accessibility>MagnifierထဲမှာMagnifierကို
onပေးလိုက်ပီးHome key သုံးချက်နှိပ်လိုက်တဲ့အခါမှာတော့
မှန်ဘီလူးလိုသုံးလို့ရပါတယ်မီးလဲဖွင့်ကြည့်လို့ရပါတယ်
ကျွန်တော်သင်တန်းတတ်တုန်းကတော့ hardware မှာ
ICလေးတွေဖြုတ်ကြည့်တဲ့နေရာမှာအသုံးများပါတယ်
8.Guided Access
Guide Access သုံးမယ်ဆိုရင်တော့
Setting >Accessibility>Guide AccessကိုOnပြီးရင်
passcode ကို Guide Access >passcode
SettingမှာPwထည့်ထားလို့၇ပါတယ်
အဲ့မှာမထည့်ပဲhomekey သုံးချက်နှိပ်မှ ထည့်လဲရပါတယ်
အဲတာကိုသုံးမယ်ဆိုရင် ဥပမာfbထဲရောက်နေပီးHome key
သုံးချက်နှိပ်လိုက်မယ်ဆိုရင်Guide access mode၀င်သွားမှာပါ
အဲဒီအခါ ကိုယ်ရောက်နေတဲ့appထဲကနေထွက်လို့မရတော့ပါဘူး
pwမသိရင်ကျွန်တော်ကတော့ကလိတဲ့သူငယ်ချင်းတွေ
ကိုယ့်ဖုန်းသုံးမယ်ဆို အများဆုံးလုပ်ဖြစ်ပါတယ်
8.Power button
မနှိပ်ပဲ Power Offလုပ်လို့ရပါတယ်
AssistiveTouchမှာပါတဲ့
Lockဆိုတာလေးကိုကြာကြာဖိထားပြီး
Power Offလုပ်ထားလို့ရပါတယ်
9.Accessibility Shortcut
ကိုယ်အမြန်သုံးချင်တဲ့ Featureအချို့ကို Setting>General>Accessibility>Accessibility Shortcut
မှာအမှန်ခြစ်ခြစ်ထားပြီး HomeKeyသုံးချက်နှိပ်ပြီး အမြန်ဝင်နိုင်ပါတယ်
10.Close More App
App Recent တွေရှင်းတဲ့အခါမှာတော့လက်နှစ်ချောင်း
(သို့မဟုတ်)လက်သုံးချောင်းနဲ့တွန်းဖယ်ပြီး
မြန်မြန်ဆန်ဆန်ရှင်းလင်းနိုင်ပါတယ်
11.Compass
Compass Appလေးမှာတော့သံလိုက်အိမ်မြှောင်အပြင်
ရေချိန်ချိန်တာ ပြင်ညီချိန်တာတွေပါလုပ်လို့ရပါသေးတယ်
12.Find iPhone
Find iPhoneဆိုတဲ့ နေရာမှာကိုယ်ရှာချင်တဲ့ဖုန်းကို
iCloud Account ၀င်ပြီးရှာလို့ရပါတယ်
Account ကိုလဲ Removeလုပ်လိုက်လို့ရပါတယ်
13.iPhone Storage
ကိုယ့်ဖုန်းဘယ်နေရာမှာဘာတွေသုံးထားလဲဆိုတာသိချင်ရင်တော့
Setting>General>iPhone Storageမှာ Manageလုပ်နိုင်ပါတယ်
14.Siri Using
Siriကိုမသိတာတွေရှိရင်မေးနိုင်ပါတယ်
အသံနဲ့ဖြစ်စေစာနဲ့ဖြစ်စေပါ။
ဥပမာဆိုရင်ဒီအနီးနားမှာ ဘယ်စားသောက်ဆိုင်ရှိလဲ
ဘာဟိုတယ်ရှိလဲ/ခုဖွင့်ထားတဲ့သီချင်းကဘာသီချင်းလဲ
ဒီလိုတွေမေးနိုင်ပါတယ် Siriကသူရသမျှအချက်အလက်တွေစုပြီး
လာပြပေးပါလိမ့်မယ်
15.Volume Buttons
ဓာတ်ပုံရိုက်ရင်းဖုန်းခပ်ကြီးကြီးကိုကိုင်တဲ့အခါမှာ
အလယ်ကခလုတ်ကိုနှိပ်၇ခက်နေရင်တော့
Volume Buttonsကိုနှိပ်ပြီ ဓာတ်ပုံရိုက်နိုင်ပါတယ်
16,Siri’s Gender
Siriကိုပုံမှန်ဆို မိန်းကလေးအသံနဲ့ပါ
ယောက်ျားလေးအသံပြောင်းချင်တယ်ဆို၇င်တော့
Setting>SiriမှာSiri VoiceကိုMale /Femaleကိုချိန်းနိုင်သလို
American/Australian/britshလေသံကိုလဲချိန်းနိုင်ပါတယ်
17.Spotlight search
Home screen မှာအလယ်က အောက်ကိုဆွဲချလိုက်တဲ့အချိန်မှာနဲ့
ဘေးဘက်မှာSpotlight search
ကိုအသုံးပြုပြီးလိုချင်တာအားလုံးကိုအမြန်ဆုံးရှာဖွေပေးနိုင်ပါတယ်
18.autofocus Lock
Video ရိုက်တဲ့အချိန်မှာအထူးအသုံးဝင်သလို
Photoရိုက်တဲ့အချိန်မှာလဲ
တစ်ခုခုကိုပဲကြာရှည်ရိုက်ထားတဲ့အချိန်မှာ
Focus ကိုlockလုပ်ထားလို့ရပြီးတစ်ခုတည်းကိုပဲ
Focusဖြတ်ထားလို့ရပါတယ်
ဒီလိုသုံးချင်ရင်တော့ focusလုပ်ချင်တာကိုမှတ်ပြီး
ကြာကြာဖိထားလိုက်ပါAE/AF lockဆို၇င်ရပါပြီ
19.Back Button
iPhone တွေမှာက Back Buttonမပါပါဘူး
အဲဒီလိုbackဆုတ်ချင်တယ်ဆိုရင်ဘယ်ဘက်ဘောင်ကို
ညာဘက်ကိုဆွဲပြီးတော့ backပြန်ဆုတ်လို့ရပါတယ်
20.Shake to Undo
စာရိုက်နေတဲ့အချိန်မှာ အကုန်လုံးကိုတစ်ခါတည်းဖျက်လိုပါက
ဖုန်းကိုshakeလုပ်လိုက်ပြီuးndoလုပ်လိုက်တာနဲ့တစ်ခါထဲပျက်သွားမှာပါပြန်shakeလိုက်ရင်တော့
Redoဆိုတာပေါ်လာပြီး ခုန undoလုပ်ထားတဲ့စာတွေပြန်ထွက်လာမှာပါ
21.Custom Vibration
ရိုးရိုးလာနေကျ Vibrateကြီးကိုပျင်းနေပြီးလား
Custom စိတ်ကြိုက်လုပ်နိုင်ပါတယ်
Setting>sound >ringtoneထဲကိုဝင်လိုက်ပါ
Vibrationမှာသူပေးထားတဲ့အခြားvibrateတွေရှိသလို
Creat New Vibrationမှာလဲ
ကိုယ့်စိတ်ကြိုက်ထွင်ပြီးပြောင်းလဲနိုင်ပါတယ်
Contact မှာမတူတဲ့vibration ,ringtoneကိုထားပြီးတော့လဲ
ဘယ်သူလဲဆိုတာတန်းသိနိုင်ပါတယ်
22.Assistive Touch
Assistive Touchကို လိုအပ်တဲ့ Function လေးတွေ
Customizeလုပ်သုံးတာဖုန်းသုံးရတာပိုလွယ်ကူစေမှာပါ
Setting >general> Assistive Touch မှာ
Customize Top Level Menuဆိုပြီး Custom Changeလိုရသလို
Double Touch တို့မှာလဲ Screen Offလေးထားလိုက်မယ်ဆို
Assistive Touch ကိုနှစ်ချက်ပုတ်ရုံနဲ့ Screen Offသွားတာ
ပို Smart ကျတာပေါ့
23.MPT,Ooredoo,Telenor
Sim ကတ်သုံးတဲ့အခါ Appကို
Downloadဆွဲပြီးသုံးတာအကောင်းဆုံးပါ
Package ၀ယ်တာပဲဖြစ်ဖြစ် Package exp dateစစ်တာပဲဖြစ်ဖြစ်
Appနဲ့က အဆင်ပြေဆုံးပါ
Ooredoo,Telenor Appဆိုရင်တော့
Widgets ပါထည့်ထားလို့ရပါတယ်
ဒီလိုထည့်ဖို့အတွက်ဆိုရင်တော့
Widgets ထည့်တဲ့နေရာကိုသွားEditကိုနှိပ်ပြီး
App ကို အပေါင်းလေးနှိပ်ထည့်လိုက်ရုံပါပဲ
ဒါဆို Data ဘယ်လောက်ကျန်လဲ အလွယ်တကူသိနိုင်ပါပြီ။

SUBSCRIBE TO OUR NEWSLETTER

Seorang Blogger pemula yang sedang belajar

0 Response to "သင်ရဲ့ iPhone ကဒါတွေကို လုပ်ဆောင်နိုင်ပါဆိုတာ သိပါသလား"

Post a Comment