Windows 10 မှာ Desktop Screen ကို တစ်ခုထက်မက ဘယ်လိုအသုံးပြုမလဲ?

Windows 10 နဲ့ Windows 10 Update ကွန်ပျူတာတွေမှာ
Desktop Screen တစ်ခုထက်မက Desktop များစွာ ပြုလုပ်
အသုံးပြုနိုင်ပါတယ်။ Desktop Screen တစ်ခုတည်းမှာ ဖွင့်
အသုံးပြုထားတဲ့ Browser Tab တွေ၊ Windows Explorer
Tab တွေ အစရှိတဲ့ Tab ပေါင်းများစွာဖွင့်ထားလို့ နောက်ထပ်
ဖွင့်စရာနေရာမကျန်တော့ဘူးဆိုရင် Desktop Screen အသစ်
ထိုးပြီး ဖွင့်အသုံးပြုနိုင်ပါတယ်။ နောက်တစ်ခုက အလုပ်ရုံးတွေမှာ
အလုပ်လုပ်ရင်း အလုပ်နဲ့ မဆိုင်တာတွေ လျှောက်ကြည့်ချင်ရင်
အလုပ်ကိစ္စအတွက် Desktop Screen တစ်ခု၊ ကိုယ်လျှောက်
ကြည့်ချင်တာ၊လုပ်ချင်တာတွေအတွက် DesktopScreen တစ်ခု
ပြုလုပ်ထားနိုင်ပါတယ်။ တကယ်လို အလုပ်နဲ့ မဆိုင်တာတွေကို
လုပ်နေရင်း အထက်လူကြီးလာကြည့်ခဲ့ရင် ShortcutKey လေးနဲ့ 
အလုပ်ကိစ္စလုပ်နေတဲ့ DesktopScreen ဖက်ကို အမြန်ပြောင်း
ရွေ့ နိုင်ပါတယ်။

ဒီနည်းလေးကို ပြုလုပ်ဖို့ Shortcut Key နဲ့ ဖွင့်အသုံးပြုတဲ့
နည်းလေးကို အရင်ပြောပြချင်ပါတယ်။ Shortcut Key နဲ့ 
နောက်ထပ် Desktop Screen ပြုလုပ်ထားဖို့ 

1. Windows Key + Ctrl + D ကို တွဲနှိပ်ပြီး
Desktop Screen အသစ်တစ်ခုပြုလုပ်နိုင်ပါတယ်။

2. Windows Keys + Tab ကို တွဲနှိပ်၊ New Desktop ကို
ထပ်နှိပ်ပြီး DesktopScreen အသစ်တစ်ခုပြုလုပ်နိုင်ပါတယ်။

3. ကွန်ပျူတာ Taskbar ပေါ်က Task View ကိုနှိပ်၊
New Desktop ကို နှိပ်ပြီး Screen အသစ်ပြုလုပ်နိုင်ပါတယ်။

4. Desktop Screen က တစ်ခုထက်မက များနေရင်
Desktop တစ်ခုနဲ့ တစ်ခုပြောင်းလဲအသုံးပြု (Switch)
လုပ်ဖို့ Windows Key + Ctrl+ Left Arrow နဲ့ Right
Arrow Key ကို နှိပ်ပြီး Switch လုပ်နိုင်ပါတယ်။

5. Desktop Screen 1 မှာ ဖွင့်အသုံးပြုနေတာတွေကို
Desktop Screen 2 သို့ အကုန်ရွေ့ ပြောင်းချင်တယ်ဆိုရင်
ကွန်ပျူတာ Taskbar ပေါ်က Task View ကိုနှိပ်၊ လုပ်ထား
သမျှ Desktop တွေ အကုန်ပေါ်လာပြီဆိုရင် Desktop 1 ကို
Right Click > Move to ကိုထပ်နှိပ်ပြီး Desktop 2 သို့ ရွေ့ 
ပြောင်းနိုင်ပါတယ်။

6. Desktop Screen အားလုံးကို တစ်ခုချင်း ပိတ်ချင်ရင်
ကွန်ပျူတာTaskbar ပေါ်က Task View ကိုနှိပ်၊ပိတ်ချင်တဲ့
Desktop ရဲ့ အပေါ်မှာ အနီရောင်ကြက်ခြေခတ်ကို နှိပ်ပိတ်
နိုင်သလို ShortcutKey နဲ့ ဆိုရင် ပိတ်ချင်တဲ့ Desktopတစ်ခုကို
ဖွင့်ထားပြီး Windows Key + Ctrl + F4 တွဲနှိပ် ပိတ်နိုင်ပါတယ်။

0 Response to "Windows 10 မှာ Desktop Screen ကို တစ်ခုထက်မက ဘယ်လိုအသုံးပြုမလဲ? "
Post a Comment