Virtual Box မှာ USB နဲ့ Boot တက်အောင်ပြုလုပ်နည်း
မင်္ဂလာပါ။ Virtual Box ဆိုတဲ့ Software ကိုတော်တော်များများသိကြမှာပါ။
သူက VMware, Parallels, Microsoft Hyper-V, XenSource, KVM, စတာတို့လို
Oracle က ထုတ်တဲ့ Virtual Machine Software တစ်ခုပဲ ဖြစ်ပါတယ်။ Virtual Box
မှာ ပုံမှန်အတိုင်းပဲ USB Flash Drive ကနေ Boot တက်မယ်ဆိုရင် VirtualBox
Extension Pack လိုပါတယ်။ အဲဒီ VirtualBox Extension Pack ကို Install
ပြီးမှ USB Flash Drive ကနေ Boot လုပ် ကြရပါတယ်။ ဒါပေမယ့် အဲဒီ နည်းက
Virtual Box ရဲ့ Version တွေပေါ်မူတည်ပြီး ရတာ မရတာ တွေရှိတတ်ကြပါတယ်။
အခုပြောမှာကတော့ VirtualBox Extension Pack မလိုပဲ Raw File Virtual Disk
ပြုလုပ်ပြီး Virtual Box နဲ့ Boot လုပ်တဲ့နည်းကိုပြောပြမှာဖြစ်ပါတယ်။
ပြုလုပ်နည်းကတော့
၁။ Boot လုပ်မည့် USB Flash Drive ကို တပ်ထားပါ။
၂။ Disk Management မှာမိမိ USB Flash Drive ရဲ့ Disk နံပါတ်ကို ကြည့်ဖို့အတွက် Run မှာ diskmgmt.msc လို့ရိုက်ပြီး OK လုပ်ပါ။
၃။ Disk Management ပေါ်လာရင် မိမိ USB Flash Drive ရဲ့ နံပါတ်ကိုကြည့်ပါ။ ကျွန်တော့်ရဲ့ USB Disk ကတော့ Disk 2 ပါ။
၎။ ပြီးရင်တော့ CMD ကို Administrator Privilege နဲ့ Run ဖို့အတွက်
Windows 8, 8.1, 10 သမားများအတွက် Start Menu ကို Right Click နှိပ်ပြီး Command Prompt (Admin) ဆိုတာကိုနှိပ်လိုက်ပါမယ်။ (Start Menu မှာ cmd လို့ရိုက်ပြီး ရှာလဲ ရပါတယ်။ သို့မဟုတ် Start Menu -> All apps -> Windows System ကိုသွားပြီးတော့ Cmd ကို Right Click လုပ်ပြီး Run as administrator အနေနဲ့ Run ရင်လဲ ရပါတယ်။)
Windows 7 သမားများအတွက်ကတော့ Start Menu -> All Programs -> Accessories -> Command Prompt ကို Right Click လုပ်ပြီး Run as administrator အနေနဲ့ Run ပါ။
UAC ( User Account Control ) က Prompt လုပ်လာရင် Yes လုပ်လိုက်ပါ။
၅။ CMD ကို Administrator နဲ့ Run နေတာဆိုရင်တော့ Title Bar မှာ Administrator လို့ပေါ်ပါလိမ့်မယ်။ ဒါဆိုရင် တော့ cd %ProgramFiles%\Oracle\VirtualBox လို့ရိုက်ပြီး Enter ကိုနှိပ်ပါ။
၆။ Virtual Box Install ထားတဲ့ Location ထဲကိုရောက်ပြီဆိုရင်တော့ VBoxManage internalcommands createrawvmdk -filename C:\usbdisk.vmdk -rawdisk \\.\PhysicalDrive2 လို့ရိုက်ပြီး Enter ထပ်နှိပ်လိုက်ပါ။ PhysicalDrive2 ကတော့ မိမိရဲ့ Boot လုပ်မည့် Flash Drive ကို Disk Management မှာ ကြည့်ခဲ့တုန်းက ပေါ်တဲ့ နံပါတ်ပါ။ အဲဒီမှာ Drive 3 လို့ပေါ်ရင် 2 နေရာမှာ 3 အစားထိုးပါ။ C:\usbdisk.vmdk ဆိုတာကတော့ Raw ဖိုင် ကိုသိမ်းဆည်းမည့်နေရာပါ။ C: အောက်မှာ usbdisk.vmdk အနေနဲ့ သိမ်းမယ်လို့သတ်မှတ်ထားပါတယ်။ မိမိ စိတ်ကြိုက် D:, G:, F: ကြိုက်ရာ နေရာမှာ သတ်မှတ်နိုင်ပါတယ်။ နောက်ပြီး Command မှာ Sapce ခြားတဲ့ နေရာလေး တွေမှာ Space ခြားပါ။
၇။ ဒါဆိုရင် တော့ RAW host disk access VMDK file C:\USBDisk.vmdk created successfully. လို့ပေါ်လာပါလိမ့်မယ်။
၈။ Vrtual Box မှာ စမ်းသပ်အသုံးပြုတော့မှာဖြစ်လို့ Virtual Box ကို Administrator Privilege (Run as administrator) အနေနဲ့ ဖွင့်လိုက်ပါတယ် ( Admin Privilege နဲ့မဖွင့်ရင် Raw File ကို Select တဲ့အခါ Error ပေါ်ပါလိမ့်မယ်)။
၉။ Virtual Box မှာ Hard disk ထည့်တဲ့ အခါမှာ Use an existing virtual hard disk file ကိုရွေးပြီး အောက်က မြှားပြထားတဲ့ Button လေးကိုနှိပ်ပါ။
၁၀။ ပြီးရင်တော့ ကျွန်တော်တို့ စောစောက ပြုလုပ်ခဲ့တဲ့ USBDisk.vmdk ရှိရာ C:\ အောက်ကိုသွားပြီး USBDisk.vmdk ဖိုင်ကိုရွေးပြီး Open ကိုနှိပ်လိုက်ပါ။
၁၁။ ပြီးရင်တော့ Virtual Box မှာ Create ကိုနှိပ်ပြီး USB Flash Drive ကနေ Boot တက်မည့် Virtual Machine တစ်ခုကို ဖန်တီးပြီးပါပြီ။
၁၂။ နောက်ဆုံး Virtual Box မှာ Start ကိုနှိပ်ပြီး USB Flash ကနေ စပြီး Boot လုပ်နိုင်ပါပြီ။
ဒီနည်းလေးက သိထားတာကြာပါပြီ။ မအားတာနဲ့ကော၊ အားလုံးနီးပါးလဲ သိလောက်မယ် ထင်လို့မတင်ဖြစ်တာပါ။ ဟိုနေ့က Virtual Box အကြောင်းတင်တော့ ဒီနည်းကို မသိသေးတဲ့ သူတွေများနေလို့ တင်ပေးတာဖြစ်ပါတယ်။ အမှား တစ်စုံ တစ်ရာများပါသွားရင် ကျွန်တော်တစ်ဦးတည်းရဲ့ လိုအပ်ချက်သာဖြစ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျ။

0 Response to "Virtual Box မှာ USB နဲ့ Boot တက်အောင်ပြုလုပ်နည်း "
Post a Comment