Safe Mode ဆိုတာဘာလဲ။Safe Mode ကို ဘယ်လိုဝင်ရမလဲ

ကွန်ပျူတာနဲ့ မစိမ်းတဲ့သူတိုင်း Safe Mode ဆိုတာကို
ကြားဖူးကြမှာပါ။ Safe Mode ဆိုတာကို ကြားဖူးရုံတင်
မဟုတ်ပဲ Safe Mode နဲ့ ဘာတွေ လုပ်လို့ရသလဲ၊ Safe
Mode ထဲကို ဘယ်လိုဝင်ရသလဲ Safe Mode အကြောင်း
သိထားသလောက်လေး ပြန်လည်ဝေမျှလိုက်ပါတယ်။
Safe Mode မှာ Safe Mode, Safe Mode with Command
Prompt, Safe Mode with Networking ဆိုပြီး Options
သုံးခုရှိပါတယ်။ Command Prompt နဲ့ Safe Mode က
GUI မပါပဲ သုံးရမှာ ဖြစ်လို့ Cmd အသုံးပြုနည်း ကျွမ်းကျင်တဲ့
သူ ဖြစ်ဖို့လိုပါတယ်။ Networking နဲ့  Safe Mode ကတော့
Network ချိတ်ပြီး ပြင်ဆင်ဖို့လိုအပ်တဲ့အချိန်မှာ Network
ကျွမ်းကျင်တဲ့ သူတွေ အသုံးပြုကြပါတယ်။ အခုရေးသားမယ့်
ပို့စ်ကတော့ ပုံမှန် Safe Mode အကြောင်း အနည်းကျဉ်းမျှသာ
ဖြစ်ပါတယ်။

Safe Mode ကို ကွန်ပျူတာမှာ Software,Hardware,
Drivers တွေကို Install လုပ်လိုက်တဲ့အခါ စက်နဲ့ မကိုက်လို့၊
File တွေ မစုံလို့ စသည့် အကြောင်းတွေကြောင့် ပြဿနာ
တက်တဲ့အချိန်၊ Windows OS ကြီး ပြဿနာတစ်ခုခုကြောင့်
တက်လာမတော့တဲ့အချိန်၊ System ပိုင်းဆိုင်ရာ Configuration
များကို Sofe Mode နဲ့ ဝင်ပြင်မှ ရတဲ့အချိန်တွေမှာ Safe Mode ကို
အသုံးပြုကြပါတယ်။ Safe Mode မှာတော့ ပုံမှန် Windows OS
တက်သလို Graphic, Driver တွေ အပြည့်စုံတက်နိုင်မှာမဟုတ်ပါ။
Safe Mode အတွက် အဓိကလိုအပ်တဲ့ အခြေခံ Drivers များကိုသာ
Run လုပ်ပေးတာဖြစ်ပါတယ်။ စက်မှာတပ်ဆင်ထားတဲ့ Printer,
Scanner စသည့် Device တွေအတွက် Driver တွေကို
Loading မလုပ်ပါဘူး။ Graphic ဆိုရင်လည်း Standard VGA
အတွက်သာ Loading လုပ်လို့ Safe Mode ထဲမှာ အမည်းရောင်
Desktop Screen ပဲ မြင်တွေ့နိုင်ပါတယ်။ Safe Mode နဲ့ ပုံမှန်
Windows တက်တဲ့ Mode မှာ Drivers တွေ ဘယ်လောက် Run
နေသလဲ စစ်ကြည့်ဖို့ ပုံမှန် Windows နဲ့ Safe Mode နှစ်ခုစလုံးမှာ
Cmd ကို ဖွင့်ပြီး အောက်ပါ command တွေထဲက ကြိုက်တာတစ်ခုကို
ရိုက်ထည့်ပြီး Run နေတဲ့ Drivers စာရင်းကို စစ်ကြည့်နိုင်ပါတယ်။

driverquery
driverquery /v
driverquery /FO list /v
driverquery /v
driverquery /FO list /v
Safe Mode ထဲဝင်ပြီး အသုံးပြုပုံ၊ Troubleshooting လုပ်
ပုံတွေကလည်း ပုံမှန် Windows OS သုံးသလိုဖြစ်တဲ့အတွက်
အသေးစိပ်ရေးရင် အရှည်ကြီးပါ။

Safe Mode ထဲကို ဘယ်လိုဝင်ရမလဲ။ Windows 7 ဆိုရင်
စက်စတက်တက်ချင်းမှာ F8 ကို ဆက်တိုက်နှိပ်ထားလိုက်ရင်
Advanced Boot Menu မှာ Safe Mode ကို ရွေးဝင်နိုင်ပါတယ်။
Windows 7 မှာလည်း F8 နှိပ်တာမရဘူး၊ Windows 8,10 တွေ
မှာလည်း Safe Mode ထဲဝင်ချင်တယ်ဆိုရင် အောက်ဖော်ပြပါ
နည်းလမ်းတွေနဲ့ Safe Mode ထဲဝင်နိုင်ပါတယ်။

နည်းလမ်း (1) F8 Key နဲ့ Safe Mode ပြန်ဝင်နည်း
Windows OS တွေမှာ F8 နဲ့ Safe Mode ဝင်လို့ မရ
ဖြစ်နေတယ်ဆိုရင်Windows Key + R ကိုတွဲနှိပ်ပြီး cmd ကို
ရိုက်ထည့်ပါ။ ပြီးရင် cmd ကို Admin နဲ့ သုံးဖို့ Ctrl+Shift+Enter ကို
တွဲနှိပ်လိုက်ပါ။ Cmd Prompt မှာ

bcdedit /set {default} bootmenupolicy legacy
ကို ကူးထည့်လိုက်ပါ။ ပြီးသွားရင် စက် Restart ချပြီး စက်တက်
တက်လာချင်းမှာ F8 ကို နှိပ်ပြီး Advanced Boot Options မှာ
Safe Mode ကို နှိပ်ဝင်နိုင်ပါပြီ။

နည်းလမ်း(2) Windows 8,10 မှာ Safe Mode ဝင်နည်း
ကွန်ပျူတာ Boot မတက်နိုင်တော့တဲ့အခြေနေမျိုးမှာ
Safe Mode ထဲဝင်ချင်တယ်ဆိုရင် စက်ကို Power ချက်ချင်းကြီး
ပိတ်၊ ပြန်ဖွင့်၊ တက်လာရင် Power ခလုတ်ကို ချက်ချင်းကြီး
ပြန်ပိတ်၊ပြန်ဖွင့် အဲ့ဒီလို လုပ်နေလိုက်ရင် Preparing Automatic
Repair ဆိုတာပေါ်လာမယ်။ ပိတ်လိုက်၊ဖွင့်လိုက်လုပ်ရခြင်း
အကြောင်းက Preparing Automatic Repair ကိုပေါ်စေချင်လို့
လုပ်တာဖြစ်ပါတယ်။ အဲ့ဒီလိုမလုပ်ပဲ စက်ထဲကို Windows ခွေ
ထည့်ပြီးခွေနဲ့ Boot တက်၊ Install မလုပ်ပဲ၊ Repair your pc
ဆိုတာကို နှိပ်လိုက်ရင်လည်း ရပါတယ်။ Diagnose your PC
ဖြစ်နေတာ ခဏစောင့်ပြီး Startup Repair Couldn't repair
your pc လို့ ပေါ်လာရင် အောက်က Advanced Options ကို
နှိပ်လိုက်ပါ။ Choose an Option မှာ Troubleshoot\Advanced
Options\Startup Settings ကို နှိပ်ဝင်ပြီး Restart ကို နှိပ်လိုက်ပါ။
ပြန်တက်လာရင် နံပါတ် 4 မှာ Enable Safe Mode ဆိုတာပါပါတယ်။
အဲ့ဒါကြောင့် ကီးဘုတ်မှာ နံပါတ်လေးကို တိုက်ရိုက်နှိပ်လိုက်တယ်ဆိုရင်
Safe Mode ထဲဝင်သွားပါမယ်။ Safe Mode ထဲဝင်လို့ရသွားရင်
Boot မတက်နိုင်တာကို Troubleshoot လုပ်နိုင်ပါပြီ။

နည်းလမ်း (3) Misconfig မှာ Safe Mode ကို Enable ပေးနည်း
ဒီနည်းကတော့ ပုံမှန် Windows တက်နိုင်တဲ့ အခြေနေမှာ
လုပ်လို့ ရတဲ့ အလွယ်နည်းလေးဖြစ်ပါတယ်။ Windows Key + R
ကို တွဲနှိပ်ပါ။ Run box မှာ misconfig ကို ရိုက်ထည့်ပါ။ System
Configuration Boot ရဲ့ အောက်ဆုံးက Boot Options မှာ
Safe Mode ကို အမှန် ခြစ်ပေးပြီး Restart ချ၊ စက်တက်လာ
Safe Mode ထဲဝင်သွားပါမယ်။ Safe Mode ကို မသုံးချင်တော့ရင်
အပေါ်ကအတိုင်းဝင်ပြီး ပြန်ဖြုတ်ပါ။

နည်းလမ်း(4) Login Screen ကနေ Safe Mode ဝင်နည်း
Windows တက်ပြီးတဲ့အချိန် Login မဝင်သေးပဲ Shift Key ကို
ဖိနှိပ်ထားပါ။ Laptop ရဲ့  ညာဘက်အောက်ဆုံးက Power ခလုပ်ကို
နှိပ်၊ Restart ကို နှိပ်လိုက်ပါ။ ( Shift Key + Restart) ကို တွဲနှိပ်။ }
Windows RE (Recovery environment) screen ပေါ်လာရင်
အပေါ်က တတိယနည်း အတိုင်း ဆက်လုပ်လိုက်ပါ။

နည်းလမ်း (5) Safe Mode ထဲမှာ Software တွေ Install လုပ်နည်း
ပုံမှန်အားဖြင့်တော့ Safe Mode ထဲမှာ Windows Installer
Service ကို သုံးခွင့်မရှိပါဘူး။ ဒါပေမယ့် Windows Installer
Service ကို Enable လုပ်ပြီး Safe Mode ကနေပဲ တစ်ချို့ 
ဆော့ဝဲလ်၊ Program တွေ ထည့်လို့ရတဲ့နည်းရှိပါတယ်။
Safe Mode Command Prompt ကိုဖွင့်ပြီး အောက်ပါ
Command ကို ကူးထည့်၊ Enter နှိပ်လိုက်ပါ။

REG ADD "HKLM\SYSTEM\CurrentControlSet\Control\SafeBoot\Minimal\MSIServer" /VE /T REG_SZ /F /D "Service"
ပြီးသွားရင် net start msiserver ကို ထပ်ရိုက်ထည့်ပေးလိုက်ပါ။
အဲ့ဒါဆိုရင် Safe Mode ကနေ Program တွေကို ထည့်ခွင့်၊ဖြုတ်ခွင့်ရသွားပါပြီ။

0 Response to "Safe Mode ဆိုတာဘာလဲ။Safe Mode ကို ဘယ်လိုဝင်ရမလဲ"
Post a Comment