



Unicode Version
Windows Drivers Backup & Restore လုပ်နည်း 👨💻
ကွန်ပျူတာထဲက HDD နေရာလွတ်ကျန်သေးတဲ့
Partition မှာ DriversBackup ဖိုဒါတစ်ခုဆောက်ထားပါ။
(DriversBackup မှာ Space မခြားရန်၊ Space ခြားလိုက်ရင်
PowerShell Prompt မှာ အရှေ့စာလုံးကိုပဲသိနိုင်လို့Backup
လုပ်ချင်မှ လုပ်သွားပါမယ်။) ကျနော်ကတော့ F:\ အောက်မှာ
Driver Backup သိမ်းထားပါမယ်။

Windows Search box မှာ PowerShell ကိုရိုက်ရှာလိုက်ပါ။
တွေ့ရင် Right Click\Run As Administrator နဲ့ဖွင့်လိုက်ပါ။
Power Shell Prompt မှာ အောက်ပါ Command ကို F:\
နေရာမှာ ခုနတုန်းက DriversBackup Folder ဆောက်ထား
ခဲ့သော Drive နာမည်ကို ရိုက်ထည့်လိုက်ပါ။
တွေ့ရင် Right Click\Run As Administrator နဲ့ဖွင့်လိုက်ပါ။
Power Shell Prompt မှာ အောက်ပါ Command ကို F:\
နေရာမှာ ခုနတုန်းက DriversBackup Folder ဆောက်ထား
ခဲ့သော Drive နာမည်ကို ရိုက်ထည့်လိုက်ပါ။
Export-windowsDriver -Online -Destination F:\DriversBackup
အထက်ပါ Command ကို PowerShell Prompt မှာ ရိုက်ထည့်
ပြီးသွားရင် စက်ထဲမှာ ရှိသမျှ Drivers စာရင်းတွေကို ပြလာပါမယ်။
အကုန်ပြီးသွားရင် F:\DriversBackup အောက်ကို ပြန်ဝင်ကြည့်ပါ။
Drivers တွေ Backup ဖြစ်နေတာကို တွေ့ရပါမယ်။

Windows တင်ပြီးတဲ့အခါ၊ သို့မဟုတ် Driver ကို အကြောင်း
တစ်ခုခုကြောင်း Uninstall လုပ်မိသွားလို့ ပြန်ထည့်ချင်တယ်
ဆိုရင် Windows Key + R ကို တစ်ပြိုင်တည်းတွဲနှိပ်၊ Run Box မှာ
devmgmt.msc ကို ရိုက်ထည့်ပြီး Device Manager ထဲကိုဝင်ပါ။
Device Manager ထဲရောက်သွားပြီဆိုရင် မသိသော၊မရှိသေးသော
Device အပေါ်ကို Right Click\ Update Driver\ Browse My Computer
ကိုရွေး၊ Backup သိမ်းထားတဲ့ Driver Folder လမ်းကြောင်းကိုရွေးပေးပြီး
Next နှိပ်ပေး၊ Install လုပ်ပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ။
အောက်မှပြထားတဲ့ နောက်ဆုံးပုံမှာတော့ မသိသော Driver မရှိလို့
NVIDIA Driver Restore လုပ်နည်းကိုပဲ ဥပမာပြထားပါတယ်။
ဥပမာပြထားပါတယ်။

0 Response to "Windows Drivers Backup & Restore လုပ္နည္"
Post a Comment