ကိုယ်ပိုင် Shortcut Key နဲ့ ဆော့ဝဲလ်ဖွင့်နည်း

 Image may contain: text

ကွန်ပျူတာစလေ့လာနေသူတွေအတွက် ဆော့ဝဲလ်တစ်ခုကိုဖွင့်ဖို့ 
ဆော့ဝဲလ်ရှိတဲ့နေရာကို အဆင့်ဆင့်ဝင်သွားဖွင့်စရာမလိုပဲ ကိုယ်ပိုင်
ShortcutKey နဲ့ အလွယ်တကူဖွင့်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။
Shortcut Key နဲ့ ဖွင့်ချင်တဲ့ Software ရှိတဲ့နေရာဝင်သွားပါ။
ဒါမှမဟုတ် Start Menu or Search box မှာ Shortcut Key လုပ်ချင်တဲ့
ဆော့ဝဲလ်ကို ရိုက်ရှာပါ။ အောက်ကပုံမှာတော့ Notepad နဲ့ 
အစမ်းပြထားပါတယ်။ Notepad ကို Right Click နှိပ်လိုက်ပါ။
Open File Location ကိုနှိပ်ပါ။ Notepad Shortcut ရှိတဲ့
နေရာကို ရောက်သွားပါမယ်။ Shortcut ပုံနဲ့ Notepad ကိုတွေ့ ရင်
Right Click ပြန်နှိပ်ပြီး အောက်ဆုံးက Properties ကို နှိပ်လိုက်ပါ။
Properties အောက်က Shortcut Tab အောက်မှာ Shortcu Key ဆိုတဲ့
နေရာမှာ မိမိစိတ်ကြိုက်ပေးချင်တဲ့ Shortcut Key ပေးလိုက်ပါတယ်။
ကွန်ပျူတာကီးဘုတ်ထဲက Enter,Del,Tab,~,Caps,
Power အစရှိတဲ့ Key တွေကလွဲပြီး ကျန်တဲ့ Key နံပါတ်တွေကို
ကြိုက်သလိုပေးလို့ ရတယ်။ Notepad ဖွင့်ဖို့ Ctrl+Shift+N နဲ့ ဖွင့်မလား။
Crtl+Alt+N နဲ့ ဖွင့်မလား။ Num 1 နဲ့ ဖွင့်မလား ကြိုက်သလိုပေးထားပြီး
Apply, Ok ကိုနှိပ်ပါ။ ကျနော်ကတော့ အစမ်းအနေဖြင့် Num3 နဲ့ ဖွင့်မယ်။
အခုဆိုရင်တော့ Num Lock အောက်မှာရှိတဲ့ နံပါတ်ကီးတွေထဲက နံပါတ်
3 ကို နှိပ်လိုက်တာနဲ့ Notepad တန်းဖွင့်လာပါမယ်။ တကယ်လို့ 
Shortcut key လုပ်ထားချင်တဲ့ Software တစ်ခုက Shortcut မရှိသေးဘူး။
(.exe) ပဲဖြစ်နေတယ်ဆိုရင် အဲ့ဒီဆော့ဝဲလ်ကို Right Click နှိပ်လိုက်ပါ။
Create Shortcut ကို နှိပ်လိုက်ပါ။ Shortcut ပုံဖြစ်သွားတဲ့ တစ်ခုကို
Cut လုပ်ပြီး အောက်မှာ ပေးထားတဲ့ Path လမ်းအတိုင်းဝင်သွားပြီး
Paste ချပေးလိုက်ပါ။ C:\Users\User Name\AppData\
Roaming\Microsoft\Windows\Start Menu\Programs\Accessories
အောက်မှာ ခုနက Shortcut လုပ်လိုက်တဲ့ ဆော့ဝဲလ်ကို Paste ချပြီးရင်
Right Click နှိပ်၊ Properties ထဲဝင်ပြီး အပေါ်က ပထမတစ်ခုလိုပဲ
ဆက်လုပ်လိုက်ပါ။ ပြီးရင် ကိုယ်ပေးထားတဲ့ Shortcut Key နဲ့ 
ဖွင့်မဖွင့် စမ်းနှိပ်ကြည့်လိုက်ပါ။ အပေါ်က path လမ်းအတိုင်း
မဝင်တတ်ရင် ဆော့ဝဲလ်ရဲ့ မှုလနေရာမှာပဲ အဲ့ဒီ Shortcut ကို ထားပြီး
Shortcut key ပေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့
Shortcut Key ပေးထားသော်လည်း အလုပ်မလုပ်ဖြစ်နေတတ်ပါတယ်။Folder,File,Program တွေ အားလုံးကို Shortcut လုပ်ပြီး မိမိကိုယ်ပိုင်
Shortcut Key နဲ့ ဖွင့်လို့ ရပါတယ်။


No automatic alt text available. 

No automatic alt text available. 

No automatic alt text available. 

No automatic alt text available. 

No automatic alt text available. 

No automatic alt text available. 

 

SUBSCRIBE TO OUR NEWSLETTER

Seorang Blogger pemula yang sedang belajar

0 Response to "ကိုယ်ပိုင် Shortcut Key နဲ့ ဆော့ဝဲလ်ဖွင့်နည်း"

Post a Comment