Windows Drivers Backup & Restore လုပ်နည်

Windows Drivers Backup လုပ်နည်းမေးထားတဲ့သူတွေအတွက်
Driver Backup & Restore လုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
ဘာကြောင့် Drivers (ကားမောင်းသမားကို ပြောခြင်းမဟုတ်ပါ) ကို
Backup လုပ်ထားသင့်သလဲ။ Windows OS တင်ပြီးသောအချိန်မှာ
ကွန်ပျူတာရဲ့လုပ်ဆောင်မှုများကို အစီအစဉ်တကျလုပ်ဆောင်နိုင်ဖို့၊
Printer,Scanner,Camera,External Drive အစရှိသော Device များ
ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့ အဲ့ဒီ Device တွေ အလုပ်လုပ်ဖို့
ထို Devices တွေရဲ့ Drivers တွေကို အရင်ဆုံး မောင်းနှင်ပေးရပါမယ်။
(ဘဝဆိုတာ စွန့်စားမှုမရှိရင် မအောင်မြင်နိုင်သလို ကွန်ပျူတာထဲက ဖိုင်
တွေကို USB Stick နဲ့ တော့ ကူးယူချင်ပြီး USB Driver မရှိရင်၊မမောင်း
ထားရင် ကူးလို့ရမှာမဟုတ်ပါဘူး။ အယ်လဲ့...!😜)ကွန်ပျူတာဝယ်တုန်းက
ပါလာတဲ့ Driver ခွေရှိသေးရင် ပြဿနာမရှိပေမယ့် Windowsတင်အပြီး
Driver တွေမသိတာ၊ တစ်ခြားဆော့ဝဲလ်တွေနဲ့ ထည့်နေရတာ၊
ဒေါင်းလုဒ်လုပ်နေရမယ်ဆိုရင် အချိန်ကုန်၊ငွေကုန်နိုင်ပါတယ်။
Driver ခွေရှိသေးရင်တောင်မှ ဘယ်နေရာထားမိမှန်းမသိတော့တဲ့
ခွေကို ပြန်ရှာ၊ တွေ့ရင် စက်ထဲထည့်၊ပြန်မောင်းလုပ်နေရပါဦးမယ်။

Drivers တွေကို Hard Disk ထဲမှာ Backup လုပ်ထားခဲ့ရင်
ဘယ်အချိန် Windows ပြန်တင်တင် အလွယ်တကူ Restore
ပြန်လုပ်နိုင်မှာဖြစ်ပါတယ်။ Backup လုပ်ထားသော Driver များ
ရှိနေရင် Driver Pack Solution,Driver Easy, Driver Telent
အစရှိသော ဆော့ဝဲလ်တွေနဲ့ရှာရတာ၊ အင်တာနက်မှာ ရှာဆွဲရတဲ့
ဒုက္ခတွေကို သက်သာစေနိုင်ပါလိမ့်မယ်။

ဘယ်လို Backup & Restore လုပ်ရမလဲ၊ လုပ်နည်းတွေကတော့
နည်းလမ်းတစ်ခုမက များစွာရှိပါတယ်။ Double Driver အစရှိသော
ဆော့ဝဲလ်တွေနဲ့လည်း Backup & Restore လုပ်လို့ရပါတယ်။
အခုဖော်ပြမယ့်နည်းလမ်းကတော့ မည်သည့်ဆော့ဝဲလ်တွေကိုမှ
Install လုပ်စရာမလိုသော PowerShell နဲ့ Backup &Restore
လုပ်နည်းဖြစ်ပါတယ်။

အရင်ဦးဆုံး ကွန်ပျူတာထဲက HDD နေရာလွတ်ကျန်သေးတဲ့
Partition မှာ DriversBackup ဖိုဒါတစ်ခုဆောက်ထားလိုက်ပါ။
(DriversBackup မှာ Space မခြားရန်၊ Space ခြားလိုက်ရင်
PowerShell Prompt မှာ အရှေ့စာလုံးကိုပဲသိနိုင်လို့ Backup
လုပ်ချင်မှ လုပ်သွားပါမယ်။) ထို DriversBackup Folder
ဆောက်ထားသော HDD Partition Drive နာမည်ကိုလည်း
မှတ်ထားရမယ်။ ကျနော်ကတော့ F:\ အောက်မှာ Backup
သိမ်းထားပါမယ်။

Windows Search box မှာ PowerShell ကိုရိုက်ရှာလိုက်ပါ။
တွေ့ရင် Right Click\Run As Administrator နဲ့ ဖွင့်လိုက်ပါ။
PowerShell ကို မိမိကြိုက်သလို တစ်ခြားနေရာကနေလည်း
ဖွင့်နိုင်ပါတယ်။ ဘယ်လိုပဲဖွင့်ဖွင့် Run asadministrator နဲ့ 
ဖွင့်လိုက်ပါ။ PowerShell Prompt မှာ အောက်ပါ Command ကို
F:\ နေရာမှာ ခုနတုန်းက DriversBackup Folder ဆောက်ထား
ခဲ့သော Drive နာမည်ကို ရိုက်ထည့်လိုက်ပါ။ စက်ထဲမှာ Install
လုပ်ထားသမျှ Driver ဘယ်လောက်၊ဘယ်နှစ်ခုရှိလဲသိချင်ရင်

Get-WindowsDriver -online -All ကို အရင် ရိုက်ထည့်ကြည့်ပါ။
Export-windowsDriver -Online -Destination F:\DriversBackup
အထက်ပါ Command ကို PowerShell Prompt မှာ ရိုက်ထည့်
ပြီးသွားရင် စက်ထဲမှာ ရှိသမျှ Drivers စာရင်းတွေကို ပြလာပါမယ်။
အကုန်ပြီးသွားရင် F:\DriversBackup အောက်ကို ပြန်ဝင်ကြည့်ပါ။
Drivers တွေ Backup ဖြစ်နေတာကို တွေ့ရပါမယ်။

Drivers တွေကို Backup တော့ လုပ်ပြီးသွားပြီ၊ ဘယ်လို
Restore ပြန်လုပ်မလဲ။ Windows တင်ပြီးတဲ့အခါ၊သို့ မဟုတ်
Driver ကို အကြောင်းတစ်ခုခုကြောင်း Uninstall လုပ်မိသွားလို့
ပြန်ထည့်ချင်တယ်ဆိုရင် Windows Key + R ကို တစ်ပြိုင်တည်း
တွဲနှိပ်ပြီး Run Box မှာ devmgmt.msc ကို ရိုက်ထည့်လိုက်ပါ။
Device Manager ထဲကို မိမိကြိုက်သလို၊ဝင်တတ်သလို တစ်ခြား
နေရာတွေကနေလည်း ဝင်ရောက်သွားနိုင်ပါတယ်။ Device Manager
ထဲရောက်သွားပြီဆိုရင် မသိသော၊ မရှိသေးသော Device အပေါ်ကို
Right Click\Update Driver\Browse My Computer ကိုရွေး၊
Backup သိမ်းထားတဲ့ Driver Folder လမ်းကြောင်းကိုရွေးပေးပြီး
Next နှိပ်ပေး၊ Install လုပ်ပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ။
အောက်မှပြထားတဲ့ နောက်ဆုံးပုံမှာတော့ မသိသော Driver မရှိလို့ 
NVIDIA Driver Restore လုပ်နည်းကိုပဲ ဥပမာပြထားပါတယ်။

0 Response to "Windows Drivers Backup & Restore လုပ်နည်"
Post a Comment