USB ကိုထိုးလိုက်တာနဲ့ ကွန်ပြူတာမှာ format လုပ်ပါဆိုတဲ့ Box လေးပေါ်လာပြီး USB

 No automatic alt text available.

USB ထဲကဖိုင်တွေကိုမပြက်စီးစေဘဲပြန်ရနိုင်ရန် ကျိုးစားခြင်းဖြစ်ပါတယ် ရာနှုန်းပြည့်အာမခံခြင်းတော့မဟုတ်ပါ
ဒါပေမယ့် များသောအားဖြင့်ဒီနည်းလေးနဲ့အဆင်ပြေပါတယ်။
သင်အဆင်သင့်ဖြစ်ပြီလား ဖြစ်ရင်စကြမယ်
သင့်ကွန်ပြူတာ က window ဘယ်လောက်လဲ version ကိုပြောတာပါ 7 or 8 or 8.1 or 10?
သင့် USB ကို ကွန်ပြူတာနဲ့ချိတ်ဆက်ထားပါ ပြီးရင် USB device ရဲ့ စာလုံးကို မှတ်ထားပါ ဥပမာ ကွန်ပြူတာအများစုမှာ C: D: DVD RW drive E တို့ရှိနေကြပါ USB တပ်လိုက်ရင် F လို့ပေါ်မှာပါ ဒါပေမယ့်မတူ တတ်ဘူး ဒါကြောင့် USB ရဲ့စာလုံးကိုမှတ်ထားဖို့လိုပါတယ် F: G: H: စသဖြင့်ပေါ်နေတာတခုခုပေါ့ ပုံမှာပြထားတာကတော့ F ဖြစ်ပါတယ်
ပြီးရင် CMD ကို administrator နဲ့ဖွင့်ရမှာဖြစ်တဲ့အတွက် သင့် window ပေါ်မူတည်ပြီး သွားရမည့်နည်းလမ်းနည်းနည်းကွာမှာပါ (ပုံ တွေကိုကြည့်ပေးပါ)
Window 7 ဆိုရင် အောက်ဖက် ဘယ်ဖက်ထောင့်မှာရှိတဲ့ နံပါတ် 1 လို့ ပြထားတဲ့ start ကိုနှိပ်ပြီး နံပါတ်၂ လို့ပြထားတဲ့ search box မှာ command လို့ရိုက်လိုက်ရင်နံပါတ် ၃ ပြထားတဲ့နေရာမှာ command prompt လို့ပေါ်လာရင် အဲ့ဒီအပေါ်မှာ R click နှိပ်ပြီး နံပါတ် ၄ လို့ပြထားတဲ့ Run as administrator ကိုနှိပ်လိုက်ရင် အတည်ပြုချက်ပေါ်လာပါမယ် yes ကိုနှိပ်ပါ ပြီးရင် တော့ CMD box ရလာပါမယ်။ (တချို့မှာအတည်ပြုချက်မတောင်းပါ)
Window 8, 8.1 တို့ဆိုရင်တော့ ကွန်ပြူ စခရင် ညာဖက်အပေါ်ထောင့်ကို မောက်လေးရွှေ့လိုက်ရင် search ဆိုပြီးမှန်ဘီလူးပုံလေးပေါ်လာမယ် အဲ့ဒါကိုနှိပ်လိုက်ရင် စာရေးဖို့ box လေးပေါ်လာမယ် ဒါဆိုရင် ခုန window 7 မှာပြောသလို ဆို နံပါတ် ၂ ကစလိုက်ရင်ရပါတယ် ၂ ၃ ၄ ပေါ့ ဒါဆိုရပါမယ် အတည်ပြုချက်ပေါ်လာပါမယ် yes ကိုနှိပ်ပါ
Window 10 ဆိုရင်တော့ ကွန်ပြူတာစခရင် ဘယ်ဖက်အောက်လေးမှာမှန်ဘီလူးပုံလေးကိုနှိပ်လိုက်ရင်ရပါတယ် ပြီးရင်တော့ နံပါတ် ၂ ၃ ၄ ကိုဆက်သွားပေါ့ window 7 ကလို အတည်ပြုချက်ပေါ်လာပါမယ် yes ကိုနှိပ်ပါ
အမှန်တော့ဒါတွေက မသိတဲ့သူတွေအတွက်ပါ သိတဲ့သူတွေကတော့ လွယ်ပါတယ် ကျော်သွားလို့ရပါတယ်။
အခုကျွန်တော်တို့ CMD မှာ စရေးလိုက်ရအောင်
ပုံမှာပြထားပါတယ် CMD box ကို အဲ့မှာမှိတ်တုတ်မှိတ်တုတ်ပေါ်နေတဲ့နေရာမှာ ပုံမှာပြထားသလို
chkdsk F: /f လို့ရိုက်ထည့်ပါ ပြီးရင် enter ခေါက်ပါ
သူပြင်ဆင်ပေးတာကိုစောင့်ပေးပါပြီးရင် သုံးလို့ရကြောင်းကို ပြောပါလိမ့်မယ်
f ရဲ့ ဓိပ္ပါယ်ကတော့ error တွေကိုရှင်းပေးတာပါ ဒါကိုအရင်စမ်းကြည့်ပါ မရရင်တော့ အောက်ကပုံစံနဲ့ဆက်သွားကြည့်ပါ
chkdsk F: /r လို့ရိုက်ထည့်ပါ enter ခေါက်ပါ သူပြင်ဆင်ပေးတာကိုစောင့်ပေးပါပြီးရင် သုံးလို့ရကြောင်းကို ပြောပါလိမ့်မယ်
r ရဲ့ အဓိပ္ပါယ်ကတော့ recovery လို့ဆိုပါတယ် USB ထဲကဖိုင်တွေကို recovery လုပ်ပေးတာပါ ဖိုင်များရင်များသလောက်အချိန်ပေးရပါတယ် ကျွန်တော့် Hard disk ပျက်တုန်းကဆိုရင် ၅၀၀ ဂျီကာဘိုက်ကို ၄ နာရီလောက်စောင့်လိုက်ရပါတယ်
ဒီလိုလေးနဲ့တော်တော်များများအဆင်ပြေပါတယ် နည်းပညာဆိုတော့လည်းပြောရခက်ပါတယ်
ဒါပေမယ့်အဆင်ပြေကြပါစေဗျာ။

Image may contain: phone

Image may contain: night

SUBSCRIBE TO OUR NEWSLETTER

Seorang Blogger pemula yang sedang belajar

0 Response to "USB ကိုထိုးလိုက်တာနဲ့ ကွန်ပြူတာမှာ format လုပ်ပါဆိုတဲ့ Box လေးပေါ်လာပြီး USB"

Post a Comment