ဘာကြောင့်မြန်မာစာမမှန်သေးတာလဲ

 No automatic alt text available.

အမေးများကြတဲ့ မြန်မာစာမှန်အောင် လုပ်နည်းလေးကို မသိသေးတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံးအနေဖြင့်
တစ်ခုပြောကြားလိုတာက ဘာကြောင့် အခုထိမချမ်းသာသေးတာလဲ...
အယ်..မဟုတ်ပါဘူး။ေ ယာင္သြားလို ့။ ဘာကြောင့်မြန်မာစာမမှန်သေးတာလဲဆိုတဲ့
အဖြေကို ကျနော်အနေဖြင့်ပြောရရင် 1.လုပ်နည်းမသိလို့ ၊2.လိုအပ်တဲ့မြန်မာကီးဘုတ်၊
ဖောင့်တွေ မထည့်ထားလို့ ၊ 3. စာဖတ်ပျင်းကြလို့ ၊ 4.ကိုယ်တိုင်အားထုတ်မှုနည်းလို့ ၊
5.ကွန်ပျူတာနဲ့ စိမ်းနေတဲ့သာမန်အသုံးပြုသူသာဖြစ်လို့ စသည့်အကြောင်းတွေကြောင့်လို့ 
ပြောချင်ပါတယ်။ ဒါက ဘယ်သူ့ ကိုမှ အပြစ်ပြောတာ မဟုတ်ဘူးနော်။
မြန်မာစာမှန်အောင်လုပ်တာက ဘာမှလည်း မခက်ဘူး။ ကွန်ပျူတာစသုံးကတည်းက
လုပ်တတ်နေရမယ်။ လိုင်းပေါ်မှာ တစ်ချို့  ဆရာသမားတွေ တင်ထားတာတွေလည်း
အများကြီးပါ။ ရှာဖတ်ပြီး လိုက်လုပ်ကြည့်ရင် ဘာမှ သိပ်မကြာပါဘူး။
ကျနော်ကွန်ပျူတာအခြေခံသင်တန်းမတက်ခဲ့ပါဘူး။ စာဖတ်လေ့လာပြီး ကိုယ်တိုင်လုပ်နိုင်ခဲ့တယ်။ မသိရင်ရှာတယ်။ Video တွေကြည့်တယ်။ ကိုယ်ဘယ်လိုမှ မလုပ်နိုင်တော့ဘူးဆိုမှ မေးတယ်။ တစ်ခုအကြံပြုချင်တာက အပြင်မှာ သင်တန်းတက်စရာကိုမလိုအောင် လိုင်းပေါ်မှာ အကုန်လေ့လာလို့ ရတယ်။ ကောင်းကောင်းရှာဖွေတတ်ပြီး၊ စာဖတ်တာ မပျင်းရင်ပေါ့။ အပြင်မှာ သင်တန်းကြေးအကုန်ခံပြီး တက်မှ တတ်တာမဟုတ်ပါဘူး။ ကိုယ်သာတကယ်လေ့လာချင်စိတ်ရှိရင် လိုင်းပေါ်မှာ လေ့လာလို့ မကုန်နိုင်တဲ့ ပညာတွေအများကြီးပါ။ အဲ့တော့ စာဖတ်တာဝါသနာပါအောင် အလေ့ကျင့်လုပ်ယူပါ။ လိုင်းပေါ်မှာ အရည်မရ၊အဖတ်မရတွေ လျှောက်ပြောနေပြီး အချိန်ဖြုန်းနေမယ့်အစား ကိုယ့်အတွက် အကျိုးရှိတာပဲ လေ့လာနေတာက မကောင်းဘူးလား။ မကောင်းတဲ့စိတ်နဲ့ ဝေဖန်ပြောဆိုတတ်သူ၊ သူများဘာပဲလုပ်လုပ် ကိုယ်ကဘာမှမလုပ်နိုင်ပဲနဲ့ ဝေဖန်နေတတ်သူ၊ မကောင်းတဲ့အမြင်တွေရှိတဲ့သူ၊ ဘာသာရေး၊ နိုင်ငံရေးတွေမှာ အစွန်းရောက်သူ၊အကောင့်အတုသုံးသူများ၊စိတ်ညစ်ညမ်းစေမယ့် ပို့ စ်တွေ တင်တဲ့သူများ Friend လာမအပ်ပါနဲ့ လို့ ကြိုပြောထားပါရစေ။ အခုတင်နေတဲ့သူတွေကိုလည်း ပြန် Unfriend လုပ်ပါမယ်။
မြန်မာစာမှန်အောင်လုပ်နည်း👨‍💻
အရင်ဦးဆုံး ကီးဘုတ်နဲ့ ဖောင့်ကို Install လုပ်ထားဖို့  လိုပါတယ်။ အများအသုံးပြုကြတဲ့ ဇော်ဂျီဝမ်းဖောင့်နဲ့ ကီးဘုတ်ကို မိမိစက်မှာထည့်ထားပါ။ မရှိသေးရင် လိုင်းပေါ်မှာရှာပြီး ဒေါင်းလုဒ်ဆွဲပါ။ ပြီးရင် ဇော်ဂျီဝမ်းဖောင့်အပေါ်မှာ Right click နှိပ်ပြီး Install လုပ်ပါ။ နောက်တစ်ခါ ဇော်ဂျီကီးဘုတ်ထဲက Setup.exe ကို Right click နှိပ်၊ Run as Administrator ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Finish ကို နှိပ်ပါ။ အခုဆိုရင် ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်ကို Install လုပ်ပြီးသွားပြီ။ ထည့်ထားတာမှန်၊မမှန် အရင်ကြည့်လိုက်ပါဦး။ Run box မှာ appwiz.cpl လို့ ရိုက်ထည့်ပြီး Program&Featureမှာ သွားကြည့်လိုက်ပါ။ အောက်ဆုံးမှာ Zawgyi Myanmar Unicode L Keyboard ကိုတွေ့ ရင် Keyboard Install လုပ်တာပြီးသွားပါပြီ။ အခု ဇော်ဂျီဝမ်းဖောင့် ထည့်တာမှန်၊မမှန် သွားစစ်ကြည့်ပါဦး။ Run box မှာ fonts လို့ ရိုက်ထည့်လိုက်ပါ။
ဒါမှ မဟုတ် All Control Panel ထဲက Fonts ဖိုဒါကို နှိပ်ဝင်လိုက်ပါ။ ဇော်ဂျီဝမ်းဖောင့်ကို ရှာပါ။ တွေ့ ရင် ရပါပြီ။ တကယ်လို့  ဇော်ဂျီဝမ်းဖောင့်က အဖြုရောင်မိန်မိန်လေးနဲ့ ဖြစ်နေတယ်ဆိုရင် အဲ့အပေါ်ကို Right Click နှိပ်လိုက်ပါ။ Show ကိုနှိပ်လိုက်ပါ။ မိန်နေတဲ့ဟာလေးပျောက်သွားပါမယ်။ အခုဆိုရင် ဇော်ဂျီဝမ်းဖောင့်ထည့်တာပြီးသွားပြီ။ ဇော်ဂျီဝမ်းဖောင့်လည်း ထည့်ပြီးပြီ၊ ကီးဘုတ်လည်း ထည့်ပြီးပြီဆိုတော့ စာရိုက်တဲ့အခါမှာ ကီးကုတ်ရွေးလို့ ရအောင် Settings မှာ သွားပြင်ပေးရမယ်။ တစ်ချို့ စက်တွေက ကီးဘုတ်ထည့်ပြီးသော်လည်းပြောင်းပေးမှ ရပါတယ်။
Control Panel ထဲက Language ထဲကို ဝင်လိုက်ပါ။ English (US) Keyboard ဘေးမှာ Zawgyi Myanmar Unicode L Keyboard ကိုတွေ့ ပြီလား၊ မရှိရင် ဘေးက Options
ကိုနှိပ်ပြီး Zawgyi Myanmar Unicode L Keyboard ကိုရွေး၊ Add လုပ်ပေးပါ။ အဲ့ဆိုတော့ English (US) Keyboard ဘေးမှာ US နဲ့ Zawgyi Myanmar Unicode L Keyboard နှစ်ခုကိုတွေ့ ရမယ်။ တစ်ခြားကီးဘုတ်တွေ မလိုပါ။ အကုန် Remove လုပ်ပါ။ တစ်ခြားဘာသာစကားပြောဆိုနေရသူတွေတော့ ထည့်ထားပါ။ အခု Zawgyi Myanmar Unicode L Keyboard က စက်မှာ စာရိုက်မယ်ဆိုရင် Ctrl + Shift နဲ့ ပြောင်းပြီး အင်္ဂလိပ်စာနဲ့ ဇော်ဂျီဝမ်းဖောင့်အတွက်ပဲရမယ်။ ယူနီကုတ်နဲ့ ရေးလို့ မရသေးဘူး။ ယူနီကုတ်ရဖို့ Myanmar 3 Font ကို ထည့်ထားပါ။ ပြီးရင် Windows10 မှာ English (US) Keyboard ရဲ့ အောက်မှာမြန်မာစာ keyboard layout မရှိသေးရင် အပေါ်က Add a Language ကိုနှိပ်ပြီး မြန်မာကီးဘုတ် layout ကိုရွေးပေးပါ။ စက်ရဲ့ Default က ယူနီကုတ်နဲ့ ရိုက်မယ်ဆိုရင် Alt+Shift နဲ့ ပြောင်းပေးရမယ်။ မိမိစိတ်ကြိုက် ပြောင်းချင်တယ်ဆိုရင် Advanved Settings ကိုဝင်ပါ။ Change Language bar hot keys ကို ဝင်ပါ။ Change key sequence ထဲဝင်ပြီး English,
Zawgyi One, Unicode တွေကို ဘယ်ကီးနဲ့ ပြောင်းချင်းလဲ ရွေးပြီး Ok နှိပ်ပါ။
အကုန်ပြီးသွား Save နှိပ်ဖို့ မမေ့ပါနဲ့ ။
Notepad,Word ကိုဖွင့်ပြီး မြန်မာစာရိုက်ကြည့်လိုက်ပါ။ Keyboard bar မှာ အောက်ကပုံနံပါတ်ရှစ်လိုပဲ သုံးမျိုးရနေရမယ်နော်။ အဲ့ဒီပုံမှာ ဇော်ဂျီဝမ်းနဲ့ စာရိုက်နေလို့ Eng လို့ ပဲပေါ်နေမယ်။ English စာကို Ctrl + Shift နဲ့ ပြောင်းရိုက်ရင် ENG US လို့  ပေါ်မယ်။ ယူနီကုတ်ကို Alt+Shift နဲ့  ပြောင်းရိုက်ရင် မြန်မာစာ လို့ ပေါ်နေမယ်။ Notepad,Word မှာ မြန်မာစာကို ဇော်ဂျီဝမ်းနဲ့ စမ်းရိုက်ကြည့်ပါ။ မြန်မာစာမမှန်သေးရင် မိမိစမ်းရိုက်ထားတဲ့စာကို အကုန် Select လုပ်ထားပြီး အပေါ်က Format ထဲက Fonts ထဲကို နှိပ်ဝင်လိုက်ပါ။ ယူနီကုတ်နဲ့ ရိုက်ရင် Myanmar3 ပေး၊ ဇော်ဂျီနဲ့ ဆိုရင် ဇော်ဂျီဝမ်းကို ရွေးပြီး Ok နှိပ်ပေးလိုက်ပါ။ မြန်မာစာမှန်သွားပါမယ်။ မမှန်သေးရင် စက်ကို Restart ချပေးလိုက်ပါ။ Chrome and Firefox Browser တွေ မြန်မာစာမမှန်ရင် အောက်က ပုံမှာ ပြထားတဲ့ ဝင်ပြောင်းကြည့်ပါ။ Microsoft Application တွေမှာတော့ Zawgyi One ကို Support မလုပ်ဘူးထင်တယ်။ ယူနီကုတ်နဲ့  ရေးထားတဲ့ စာတွေမှ မြန်မာစာမှန်မှာပါ။ အခုဖော်ခဲ့တဲ့နည်းတွေနဲ့ မြန်မာစာမမှန်သေးဘူးဆိုရင် Registry ထဲမှာပြင်ပေးရတဲ့နည်းရှိပါသေးတယ်။ ဒါပေမယ့် တစ်ခုခုမှားသွားရင် စက်ကြောင်သွားတတ်လို့ မဖော်ပြတော့ပါဘူး။ အပေါ်ကနည်းတွေအတိုင်းသာ လုပ်ကြည့်ရင် မြန်မာစာမှန်နိုင်ပါတယ်။ မြန်မာစာမှန်အောင် အသင့်လုပ်ထားတဲ့ဆော့ဝဲလ်တွေလည်း ရှိပါတယ်။ အခုဖော်ပြပေးခဲ့တာက Windows10 အတွက် ဖြစ်ပါတယ်။ Windows7 တွေအတွက်တော့ သူများတင်ထားတာတွေရှိပါတယ်။

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

SUBSCRIBE TO OUR NEWSLETTER

Seorang Blogger pemula yang sedang belajar

0 Response to "ဘာကြောင့်မြန်မာစာမမှန်သေးတာလဲ"

Post a Comment