လက်တော့ပ် Battery ကျန်းမာရေးစစ်ဆေးနည်း

လက်တော့ပ်ကွန်ပျူတာအသုံးပြုနေသူတွေအတွက်
Battery ကျန်းမာရေးစစ်ဆေးနည်းလေးကို ဖော်ပြ
ပေးလိုက်ပါတယ်။ Battery ကျန်းမာရေးစစ်ဆေး
ပေးခြင်းအားဖြင့် Battery Usage တွေ၊သက်တမ်း
ကြာရှည်ခံ၊မခံ၊ ဘယ်အချိန်မှာအသစ်လဲသင့်တယ်၊
ဘယ်နှစ်နာရီကြာရင်အားသွင်းတာဖြုတ်သင့်တယ်၊
စသည်ဖြင့် Battery နဲ့ ပတ်သက်သော အချက်လက်
များစွာကို သိနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ Battery
စစ်ဆေးနည်းကို လေ့လာကြည့်ကြပါစို့ ။
Windows Key နဲ့ R ကိုတွဲနှိပ်ပြီး Run box မှာ
cmd သို့ မဟုတ် powershell ကို ရိုက်ထည့်ပါ။
သို့ မဟုတ် Search box မှာ cmd သို့မဟုတ်
powershell လို့ ရိုက်ရှာဖွင့်လိုက်ပါ။ Cmd or
Powershell Prompt မှာ powercfg /batteryreport ကို
ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ Battery Life Report က
ဘယ် Path လမ်းအောက်မှာ html ဖိုင်အနေဖြင့်
Save ထားတယ်လို့ ပြလာမယ်။ အဲ့ဒီတော့
သူပြတဲ့ Path လမ်းအတိုင်းဝင်လိုက်ပါ။
များသောအားဖြင့် C:\Users\Username အောက်မှာ
html ဖိုင်နဲ့ ပို့ ထားပါတယ်။ အဲ့ဒီ Browser Icon နဲ့ 
html ဖိုင်ကို ဖွင့်ကြည့်လိုက်ရင် Battery အကြောင်း၊
စက်မော်ဒယ်အကြောင်း၊ဘယ်အချိန်မှာ ဘယ်လောက်
အသုံးပြုထားတယ် စတာတွေ အကုန်အစအဆုံး
စစ်ဆေးလို့ ရပါတယ်။ နောက်ပြီးတော့ Battery က
ဘယ်လိုပြဿနာတွေရှိနေပြီလဲ သိရှိစေနိုင်ဖို့
Cmd သို့ မဟုတ် Powershell ကို Admin နဲ့ ဖွင့်ပြီး
Prompt မှာ powercfg -energy ကို ရိုက်ထည့်ပါ။
Battery နဲ့ ပတ်သက်ပြီး Error ဘယ်နှစ်ခုရှိတယ်၊
Warning ပေးထားတာက ဘယ်နှစ်ခု၊ User ကို
သိစေချင်လို့ Inform ပေးထားတာက ဘယ်နှစ်ခု
စသည်ဖြင့် C:\Windows\System32 အောက်မှာ
Energy Report ဆိုတဲ့ html ဖိုင်နဲ့ အသေးစိပ်ကို
ဝင်ကြည့်လိုက်ပါ။ Error တွေရင် ပြထားတဲ့
Error တွေကို ဝင်ပြင်လိုက်ပါ။ အောက်မှာ
ပြထားတဲ့ ပုံမှာတော့ Error 6 ခုတောင်မှ
ရှိနေပါတယ်။ တစ်ချို့ဟာတွေက မလိုအပ်လို့
Disable ပေးထားတာ Battery အတွက်တော့
Error လို့ လာပြနေပါတယ်။ Third Party
ဆော့ဝဲလ်တွေနဲ့ Battery စစ်ဆေးတဲ့
နည်းတွေလည်းရှိပါတယ်။
Battery Alarm Software Download Link -
https://www.microsoft.com/…/full-battery-thef…/9nblggh5xfkj…










0 Response to "လက်တော့ပ် Battery ကျန်းမာရေးစစ်ဆေးနည်း"
Post a Comment