BIOS Password ဖြတ်ကျော်ခြင်းဆိုင်ရာနည်းလမ်းများ

Image may contain: screen

ကျွန်တော်တို့ ရဲ့  NetComplus. (နက်ကွန်ပလပ်) Page မှာ
မကောင်းသောစိတ်နဲ့ ထိုးဖောက်ခြင်းဆိုင်ရာနည်းပညာများကို
ရေးတင်လေ့မရှိပါ။ တိုက်ခိုက်ထိုးဖောက်မှုတွေကိုလည်း အားမပေးပါ။
Hacking ဆိုတဲ့ စကားလုံးကိုလည်း အခုရေးလိုက်တာရယ် အရင်က
Hacker တစ်ယောက်သင့်ဘဝကို ဘယ်လောက်ထိဖျက်စီးနိုင်မလဲ ဆိုတဲ့
ပို့ စ်တစ်ခုမှာပါဖူးတာရယ်ကလွဲပြီး မည်သည့်ပို့ စ်မှာမှ ထည့်မရေးပါ။
အခုဒီပို့ စ်ကိုလည်း မကောင်းသောနေရာတွေမှာ အသုံးမချစေချင်ပါဘူး။
BIOS( Basic Input Out System) ဆိုတာက Windows OS မတက်ခင်
ကွန်ပျူတာနဲ့ ဆက်သွယ်ထားတဲ့ Hardware တွေကို ပထမဦးဆုံးအနေဖြင့်
စစ်ဆေးအတည်ပြုချိတ်ဆက်နေတဲ့ System တစ်ခုလို့ အလွယ်နည်းမှတ်ထားပါ။
အခြေခံကျတဲ့ Low-level System Settings တွေကို BIOS မှာ ပြင်ဆင်နိုင်ပါတယ်။
အခုဒီပို့ စ်က BISO Password မေ့သွားရင် ပြန်ဆယ်ယူတဲ့ပို့ စ်ဖြစ်တာကြောင့်
BIOS အကြောင်း နောက်မှ အသေးစိပ်ပြန်ရေးတင်ပါမယ်။
1. BIOS Password ဖြုတ်နည်း
မိမိကွန်ပျူတာမှာ BIOS Password တော့ သိတယ်။ ဒါပေမယ့်
စက်ဖွင့်ရင် BIOS Password မထည့်ချင်ဘူး။ သူများထည့်ထားတဲ့
Password ကို ပြန်ဖြုတ်ချင်တယ်ဆိုရင် စက်ကိုဖွင့်လိုက်ပါ။ BIOS ထဲဝင်တဲ့
Key- Del,F2,F12 စသည်ဖြင့် စက်မော်ဒယ်ပေါ်မှုတည်ပြီးတော့ စက်စတက်တဲ့
အချိန်မှာ ဆက်တိုက်နှိပ်ထားလိုက်ပါ။ BIOS ထဲကိုရောက်သွားရင်
Advanced Mode ထဲကိုဝင်။ Security Tab ထဲဝင်ပါ။
တစ်ချို့ စက်တွေကို BIOS ထဲဝင်တာနဲ့ Advanced ကို ဝင်စရာမလိုပဲဖွင့်ဖွင့်ချင်း
Security ကို မြင်ရမယ်။ Down Arrow မြှားနဲ့  အောက်ကိုဆင်းသွားပြီး
Password ပေးထားတွေကို အကုန် Disable ပေးလိုက်ပါ။ ပြီးရင် F10 နှိပ်
Save လုပ်ပြီး စက်ပြန်တက်လာရင် BIOS Password ထည့်ပေးရမည်မဟုတ်ပါ။
2.CMOS ဘက်ထရီ ဖြုတ်ပြီး BIOS Password ဖြတ်ကျော်နည်း
CMOS ဘက်ထရီက ကွန်ပျူတာရဲ date,Time,BIOS Settings စတာတွေကို
ကွန်ပျူတာပိတ်ပြီး နောက်တစ်ခါပြန်ဖွင့်ရင် အချိန်မှန်ကန်မှုတွေရှိအောင်
မှတ်သားမှုပြုလုပ်တဲ့ ဘက်ထရီအသေးစားလေးပါ။ BIOS Password ဖြုတ်ဖို့ 
စက်ကိုပိတ်လိုက်ပါ။ System ဗုံးအခွန်ကို ဖွင့်လိုက်ပါ။ စက်က Warrantly ကျန်သေးရင်
မဖွင့်ပါနဲ့ ။ ဆိုင်သွားပြပါ။ ပုံမှာ ပြထားတဲ့အတိုင်း CMOS ဘက်ထရီကို မိနစ် 20-30 ထိ
ဖြုတ်ထားပြီး ပြန်တပ်လိုက်ပါ။ စက်ပြန်တက်လာရင် BIOS Setting Reset
ဖြစ်သွားပါလိမ့်မယ်။ ဒီနည်းနဲ့ မရသေးဘူးဆိုရင် အောက်ကနည်းနဲ့ ပြန်စမ်းကြည့်ပါ။
3.Jumper ကိုပြောင်းတပ်ပြီး Password ဖြတ်ကျော်နည်း
ကွန်ပျူတာတွေမှာ CMOS Settings, BIOS Password တွေကို Clear လုပ်ဖို့ 
Jumper ဆိုတာပါပါတယ်။ Motherboard Model ပေါ်မှုတည်ပြီးတော့ Jumper ရှိနေတဲ့
နေရာ ကွဲလွဲတတ်ပါတယ်။ များသောအားဖြင့် CMOS ဘက်ထရီဘေးနားမှာ
CLR CLEAR ဆိုတဲ့စကားလုံးနဲ့ တွေ့ ရပါမယ်။ အောက်ပုံမှာ ပြထားတဲ့အတိုင်း
PIN သုံးခုနဲ့ Jumper ကိုတွေ့ ရမယ်။ ဥပမာ- PIN 1,2,3 ဆိုပါစို့ ။ အခုမိမိစက်မှာ
1 နဲ့ 2 မှာ တပ်ထားတာကို 2 နဲ့ 3 ကို ပြောင်းတပ်လိုက်ပြီး 10 စက္ကန့် လောက်
စောင့်နေလိုက်ပါ။ ပြီးရင် 1 နဲ့ 2 ကို ပြန်တပ်လိုက်ပါ။ လက်တော့ပ်ဆိုရင်
Jumper နှစ်ခုကို ကြောက်လည့်စကူနဲ့ ဖြစ်ဖြစ် တစ်ခုခုနဲ့ ပူးထားလိုက်ပါ။
စက်ပြန်တက်လာရင် BIOS Password ပြုတ်သွားပါလိမ့်မယ်။
4.Clnpwd နဲ့ BIOS Password ဖြုတ်နည်း
တစ်ခြားကွန်ပျူတာတစ်လုံးမှာ Clnpwd Software ကို ဒေါင်းလုဒ်ဆွဲပါ။
USB Stick လည်း ထည့်ထားပါ။ Clnpwd ကို Extract လုပ်ပြီး HP USB Disk
ဆိုတာကို Install လုပ်ပါ။ ပြီးရင် Start Menu ထဲမှာ ရှာပြီး ဖွင့်လိုက်ပါ။ Box တစ်ခု
ပေါ်လာရင် USB Stick ကိုရွေးပေးပါ။ File System မှာ FAT32 ကိုရွေးပါ။
Volum label မှာ ကြိုက်တဲ့နာမည်ပေး။ Quick Format နဲ့ Create a DOS ဆိုတာကို
အမှန်ခြစ်ပေးပြီး ခုနက Extract လုပ်ထားတဲ့ Clnwd ဆော့ဝဲလ်မှာ
Ms-Dos System ဆိုရွေးပေးပါ။ ပြီးရင် Start ကိုနှိပ်ပါ။ ဆောက်တာပြီးသွားရင် Close နှိပ်။ Extract လုပ်ထားတဲ့ Clnpwd.exe ကို ကူးပြီး Stick ထဲထည့်လိုက်ပါ။ အဲ့ဒီ Stick ကို
မိမိစက်မှာ ထိုးထည့်လိုက်ပါ။ စက်ကိုဖွင့်လိုက်ပါ။ F12 ကို နှိပ်ပြီး USB Stick နဲ့ 
Boot တက်ပါ။ အမဲ Cmd Dos prompt ပေါ်လာရင် clnpwd.exe ရှိမရှိစစ်ဖို့ 
C:\> ရဲ့ ဘေးမှာ dir ရိုက်ထည့်ပါ။ တွေ့ ရင်တော့ C:\> ရဲ့ ဘေးမှာ clnpwd လို့ 
ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာ ဘယ် Password ကို ဖြုတ်ချင်သလဲ နံပါတ်တစ်ခုကို
ရွေးရိုက်ထည့်လိုက်ပါ။ Clean User Password Successfully ဖြစ်ရင်
BIOS ထဲပြန်ဝင်ပြီး HDD နဲ့ Boot တက်ပြီးပြန်သုံးနိုင်ပါပြီ။
5.Password အမှားရိုက်ထည့်ပြီး ပြန်ဆယ်နည်း
BIOS Password မေ့သွားလို့ အပေါ်ကနည်းတွေနဲ့ လည်း လုပ်မရဘူး၊
CMOS ဘက်ထရီ၊ Jumper တွေကို ဝင်ရောက်အသုံးပြုလို့ မဖြစ်နိုင်ဘူးဆိုရင်
ဒီနည်းနဲ့  ပြန်စမ်းကြည့်ပါ။ သုံးကြိမ်လောက် Password အမှားရိုက်ထည့်လိုက်ပါ။
System Disable လို့ Message box တက်လာရင် အဲ့ဒီမှာပါတဲ့ Code 5 လုံးကို ကူးပြီး
bios-pw.org/ ကို Browser နဲ့ ဝင်၊ ခုနက Code 5 လုံးကို ထည့်ပေးပြီး
Get Password ကိုနှိပ်ပါ။ မိမိစက်နဲ့ ကိုက်ညီမယ့် Backdoor Passwords တွေ
ချပေးလာပါလိမ့်မယ်။ အဲ့ဒီ Password တွေကိုတစ်ခုပြီးတစ်ခုစမ်းရိုက်ထည့်လိုက်ပါ။ Password မှန်သွားလို့ ဝင်လို့ ရသွားရင် BIOS Password နောက်တစ်ခါ
ထပ်မေ့မှာစိုးရင် Security ထဲဝင်ပြီး Disable ပေးလိုက်ပါ။ ဒီလို Backdoor
Password နဲ့ လုပ်တာက BIOS Settings တွေ ပြောင်းလဲမှုမဖြစ်သွားပါဘူး။
Third-Party Software တွေဖြစ်တဲ့ CmosPwd,KillCMOS တွေကို သုံးပြီး
Password ဖြုတ်တဲ့နည်း၊ DOS နဲ့ ဖြုတ်တဲ့နည်းတွေလည်း ရှိပါသေးတယ်။
ဖော်ပြခဲ့တဲ့နည်းလမ်းတွေကို အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ။

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

Image may contain: text

No automatic alt text available.

SUBSCRIBE TO OUR NEWSLETTER

Seorang Blogger pemula yang sedang belajar

0 Response to "BIOS Password ဖြတ်ကျော်ခြင်းဆိုင်ရာနည်းလမ်းများ"

Post a Comment