Windows Activation Watermark ကို ဖယ်ရှားနည်း

Windows 10 တင်ပြီးတဲ့အချိန်မှာ Windows ကို
Software တစ်ခုနဲ့ဖြစ်ဖြစ် တစ်ခြား Activate
လုပ်လို့ ရတဲ့ နည်းနဲ့ဖြစ်ဖြစ် Activate လုပ်ပြီး
သွားသော်လည်း ကွန်ပျူတာ Desktop ရဲ့
ညာဘက် အောက်ခြမ်းမှာ Test Mode တို့၊
Evaluation Copy တို့ ဆိုတာတွေ ပေါ်နေရင်
(ပုံမှာဖော်ပြထားသလို ပေါ်နေရင်) ဖြုတ်နည်း၊
ဖယ်ရှားနည်းတွေ ရှိပါတယ်။

Windows7,8,8.1 Version အသစ်၊Build နံပါတ်
အသစ်တွေကို အစမ်းသဘောအနေဖြင့် မိတ်ဆက်
ပေးတဲ့ Version အသစ်ကို Install လုပ်လိုက်ရင်
Test Mode ဆိုတာပေါ်လာပါမယ်။ Windows 10
2018 ထုတ် Update Insider Preview မှာတော့
Evaluation Copy ဆိုတာ တွေ့ရပါမယ်။ Win 10
ထွက်စတုန်းက Build 10532 တွေမှာဆိုရင်လည်း
Test Mode ကို တွေ့ ရပါမယ်။Test Mode ဖြစ်ဖြစ်၊
Evaluation Copy ဖြစ်ဖြစ်၊ စက်ရဲ့  Desktop ပေါ်မှာ
ကြည့်မကောင်းလို့ ဖြုတ်ချင်ရင် သူတို့ကို ဖြုတ်တဲ့နည်း
အကြမ်းအားဖြင့်(3)နည်းဖြင့် ဖြုတ်တဲ့နည်းတွေကို
ဖော်ပြပေးလိုက်ပါတယ်။

1. UWD ဆော့ဝဲလ်ဖြင့် ဖြုတ်နည်း
ဘာမှရှည်ရှည်ဝေးဝေး လုပ်မနေချင်ရင် uwd ဆိုတဲ့
ဆော့ဝဲလ်ကို ဒေါင်းလုဒ်ဆွဲပြီး ဖြည်၊ Run ပြီးသွားရင်
စက်ကို Sign out လုပ်ပြီး ပြန်တက်လာရင်Test Mode,
Evaluation Copy ဆိုတာတွေ ပျောက်သွားပါမယ်။
UWD (Universal Watermark Disabler) ကို အောက်ပါ
Link မှာ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။

2. User Interface ပေါ်ကနေ Software Run တဲ့
နည်းနဲ့က ရိုးနေလို့ ၊ Cmd နဲ့ ဆရာကျကျ ဖြုတ်ချင်တယ်
ဆိုရင် Cmd ကို Administrator နဲ့ ဖွင့်ပြီး အောက်ပါ
Command တွေထဲက အဆင်ပြေတဲ့ တစ်ခုနဲ့ ဖြုတ်ပါ။

Windows 7 - bcdedit /set TESTSIGNING OFF
Windows 8 - bcdedit -set TESTSIGNING OFF
Windows 10 - bcdedit.exe -set loadoptions ENABLE_INTEGRITY_CHECKS bcdedit.exe -set TESTSIGNING OFF (တစ်ကြောင်းတည်းပါ)

Windows 7,8,10 ဆိုတာတွေ ထည့်စရာမလိုအပ်ပါ။
ပြီးသွားရင် စက်ကို Restart ချပေးရပါမယ်။
ပြီးသွားရင် စက်ကို Restart ချပေးရပါမယ်။
3. Registry ကနေ ဝင်ဖြုတ်တဲ့ နည်းကတော့
ကွန်ပျူတာသိပ်မသုံးတတ်သေးရင် အပေါ်ကနည်းတွေနဲ့ပဲ
ဖြုတ်ဖို့ အကြံပြုချင်ပါတယ်။ တကယ်လို့ Registry ကနေပဲ
ဝင်ကလိချင်သပဆိုရင်တော့ Windows Key + R ကိုတွဲနှိပ်၊
regedit ကို ရိုက်ထည့်ပြီး Registry ထဲကိုဝင်လိုက်ပါ။
Windows 10 Update နောက်ဆုံးထွက် Build ဆိုရင်တော့
Windows Search box ကနေ regedit လို့ရိုက်ရှာလည်းရတယ်။
Registry ထဲ ရောက်သွားပြီဆိုရင် အောက်က လမ်းကြောင်း
အတိုင်း တစ်ဆင့်ချင်း ဝင်သွားလိုက်ပါ။

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\SoftwareProtectionPlatform\Activation
Activation ရဲ့ ညာဘက် Panel မှာ Mamual ကို Double Click
သို့ မဟုတ် Right Click\Modify > Value Data မှာ 1 ကိုထည့်ပေးပြီး
OK နှိပ်၊ Registry ကိုပိတ်၊ စက်ကို Restart ချပေးလိုက်ပါ။

0 Response to "Windows Activation Watermark ကို ဖယ်ရှားနည်း"
Post a Comment